အောက်ထပ်……….
ကျန်ရှိနေသေးသည့်သရဲများအားလုံးမှာ တိတ်ဆိတ်စွာဖြင့် ရပ်တန့်သွားကြသည်။
ညီညာပြီး ငယ်ရွယ်လှသည့်အသံတစ်သံထွက်ပေါ်လာလေသည်။
“ဝါး……………
တီချယ်ဖူ…………….တီချယ်ကျန်း………………..
ကျွန်တော်တို့ တီချယ်တို့ကို တွေ့ပြီ”သူမတို့ခေါင်းပေါ်တွင် မြင်တွေ့လိုက်ရသည်မှာ ကြီးမားလှသည့်သစ်ပင်ကြီး၏ ရွက်အုပ်ကြီးပင်။
ဤတောက်ပနေသည်များကလည်း တောက်ပနေသည့်ကြယ်လေးများမဟုတ်ပေ။ မျက်လုံးများပင်။
ကလေးထိန်းများချော့သိပ်သည့် သီချင်းကိုကြားဖူးပါသလော……
“ကြယ်လေးတွေ……….ကြယ်လေးတွေ…………..ကောင်းကင်ယံမှာ မျက်လုံးလေးတွေ အပြည့်နဲ့လေ……”
ဖြစ်နိုင်သည်မှာ ဤဖြစ်ရပ်နှင့် လုံးဝထပ်တူရေးစပ်ထားသလိုပင်။
ကလေးများ၏အပြစ်ကင်းလှပြီး စူးရှလှသည့်အသံနှင့်ပေါင်းစပ်လိုက်ပါက………….
ကျောချမ်းစရာကောင်းလှပေသည်။“နင်ဘာကြည့်နေတာလဲ?.................ပြေး”
ဖူအန်အသံတစ်ချက်ပြုလိုက်ပြီး ၂ ယောက်သား တတိယထပ်ဆီသို့ တစ်ချိန်တည်းမှာပင် ခုန်ဆင်းလိုက်ကြသည်။
သူမတို့ခေါင်းပေါ်၌ သစ်ပင်ထိပ်တွင်ချိတ်ဆွဲထားသည့်မျက်လုံးများမှာလည်း လှုပ်ရှားလာကြသည်။ သူမတို့မည်သည့်နေရာကိုပြေးသည်ဖြစ်စေ ဤမျက်လုံးများက အမြင့်နေရာမှ တိတ်တဆိတ်စောင့်ကြည့်နေကြလေသည်။
သရဲများမှာ နေရာတိုင်းသို့လိုက်နေကြလေပြီ။
မူလတန်းကျောင်းတစ်ခုလုံးမှာ မှောင်မိုက်နေပြီး အော်ဟစ်သံများဖြင့် ပြည့်နှက်သွားခဲ့သည်။
သူတို့ ထကြွလာကြပြီ…………….
သူတို့သည် တတိယထပ်ဆီသို့လျှင်မြန်စွာပြေးလာကြပြီး မူလတန်းကျောင်းတစ်ကျောင်းလုံး၌ ၂ ယောက်တည်းသာကျန်ရှိတော့သည့် ရှင်သန်သူများဆီသို့ ပြေးဝင်လာကြသည်။
တတိယထပ်တွင် သူမတို့အဝိုင်းခံလိုက်ကြရလေပြီ။
ကျန်းယွမ်ယွမ်သည် ဖူအန်၏အင်္ကျီလက်ကို တင်းကြပ်စွာကိုင်လိုက်ပြီး……….
“အန်အန်…………..နင့်ရဲ့နေရာလွတ်ပစ္စည်းနဲ့ ကျေးဇူးပြုပြီး ထပ်လုပ်စမ်းပါအုန်း”
