"146"

1.1K 114 8
                                        

ဝမ်ရီပေါ်ဟာ သူရဲ့လက်ထဲမှာရှိနေတဲ့ ရှောင်ကျန့်ရဲ့မှတ်ညဏ် အပိုင်းအစကို တွေဝေစွာ စိုက်ကြည့်နေခဲ့တယ် ။ ရှောင်ကျန့်သာ ဒီအကြောင်းကို သိသွားရင် သူ့ကို အရင်ကထက်တောင် ပိုပြီးမုန်းသွားမှာ သေချာတယ် ။ ဘာလို့လဲဆိုရင် သူက ရှောင်ကျန့်ရဲ့ခွင့်ပြုချက်မရှိပဲ ရှောင်ကျန်ရဲ့မှတ်ညဏ်ကို ယူသွားခဲ့လိုလေ ။ ‌

ကျူဖုန်းမင်က ရှောင်ကျန့်နဲ့ ဘာမှမဆိုင်ဘူးဆိုတာ သိထားပေမဲ့ သူရဲ့မနာလိုစိတ်ကို စိတ်မထားနိုင်တာကြောင့် အဲ့ဒီမှတ်ညဏ်ကို ယူသွားပစ်ခဲ့တာ ။ အဲ့ဒီအချိန်တုန်းက ရှောင်ကျန့်ရဲ့ဝိညာဉ်က အရမ်းအားနည်းနေတာကြောင့် သူ့ကို ခုခံဖို့မဆိုနဲ့ သူ့စီကနေတောင် ထွက်ပြေးနိုင်ခဲ့တာမဟုတ်ဘူး ။ သူက အဲ့ဒီအခြေအနေအပေါ် အခွင့်ကောင်းယူပြီး ရှောင်ကျန့်ရဲ့ ဝိညာဉ်ကို ပိတ်လှောင်ထားခဲ့တယ် ။

ရှောင်ကျန့် ကူးပြောင်းသွားတဲ့ ကမ္ဘာတွေထဲ သူဖန်တီးထားတဲ့ သတ္တမမြောက်ကမ္ဘာကသာ ရှောင်ကျန့်ရဲ့ ပထမဆုံးကမ္ဘာ ဖြစ်တယ် ။ ရှောင်ကျန့်ကတော့ ရှုပ်ထွေးနေတဲ့ မှတ်ညဏ်တွေကြောင့် အဲ့ဒီအကြောင်းကို သိနိုင်မှာမဟုတ်ဘူး ။ အဲ့ဒီအချိန်တုန်းက ရှောင်ကျန့်ရဲ့ဝိညာဉ်က သူ့စီကနေ ပျောက်ကွယ်သွားကာ အဲ့ဒီကမ္ဘာထဲ ရောက်သွားခဲ့တယ် ။

ရှောင်ကျန့်က ရှောင်ယွမ်ဆိုတဲ့ ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲ ကူးပြောင်းသွားကာ အတိတ်မေ့သွားခဲ့တယ် ။ အဲ့ဒီနောက်မှာတော့ အဲ့ဒီကမ္ဘာက သူရဲ့ဝိညာဉ်အစိတ်အပိုင်းဖြစ်တဲ့ ကျင်းဝမ်ယွီနဲ့ တွေ့ဆုံခဲ့ပြီး ကျင်းဝမ်ယွီရဲ့ ကြိုတင်စီမံမှုတွေအောက်မှာ သေဆုံးသွားရတော့တယ် ။ အဲ့တာကြောင့် ကျင်းဝမ်ယွီက ရူးသွပ်သွားကာ သူ့ရဲ့မူလခန္ဓာကိုယ်ကလည်း ပျက်စီးတော့မလို ဖြစ်သွားခဲ့တယ် ။

ထိုအကြောင်းတွေကို သိသွားတဲ့ ဟူမင်ယွီက သူဖန်တီးထားတဲ့ သူရဲ့ကမ္ဘာထဲ ဝင်သွားခဲ့ပြီး ကျင်းဝမ်ယွီကို အဖြစ်မှန်တွေပြောပြခဲ့တယ် ။ အဖြစ်မှန်သိသွားတဲ့ ကျင်းဝမ်ယွီက ကမ္ဘာအစစ်ကို ပြန်မသွားချင်တော့တာမို့ ရှောင်ကျန့်ကို ထိုကမ္ဘာထဲ ထာဝရပိတ်လှောင်ထားဖို့ ဆုံးဖြတ်ချက်ခဲ့တယ် ။

The Story Of Phoenix KingWhere stories live. Discover now