" မင်းက ငါ့ကို ဘာလို့တွေ့ချင်နေရတာလဲ ..... ရှောင်ကျန့်ကို ပြန်ရအောင် ကူညီပေးဖို့ဆိုရင်တော့ မေ့လိုက်တော့ ... ငါ မင်းကို ဘယ်တော့မှ ကူညီပေးမှာ မဟုတ်ဘူး ... မင်းရဲ့ကိစ္စတွေထဲ ဝင်မပါဘူးလို့ ကတိပေးထားတာတောင် လွန်နေပြီ ... ရှောင်ကျန့်ကို ပြန်ရဖို့ မင်းကိုကူညီရမယ်ဆိုရင် ငါသေသွားလိုက်တာက အကောင်းဆုံးပဲ "
ဝမ်ကျိုးရန်ဟာ အသက်မဲ့နေတဲ့ မျက်လုံးတွေနဲ့ သူ့ကို စိုက်ကြည့်လာတဲ့ ဝမ်ရီပေါ်ကြောင့် လက်ကို သွေးထွက်တဲ့အထိ ဆုပ်ကိုင်ကာ ဒေါသတွေထိန်းရင်း ဆိုလိုက်တယ် ။ ရှောင်ကျန့်ကို ထပ်ပြီးမနာစေချင်တော့တာမို့ အမှန်တရားကို ဖုံးကွယ်ထားဖို့ ရွေးချယ်ခဲ့တယ် ။ အရှုံးသမားတစ်ယောက်လို တိတ်ဆိတ်နေခဲ့မိတယ် ။
ဒါပေမဲ့ ရှောင်ကျန့်က ဝမ်ရီပေါ်ရဲ့ အလိမ်အညာတွေကို သိသွားခဲ့ပြီး နတ်ဘုရားကမ္ဘာကို ပြန်ရောက်လာတယ် ။ အဲ့ဒီနောက် နဂါးမျိုးနွယ်ရဲ့ ဂုဏ်ယူရတဲ့ မင်းသားလေးဖြစ်တဲ့ ဝမ်ရီပေါ်က ဒုက္ခိတတစ်ယောက် ဖြစ်သွားခဲ့တယ် ။ အဲ့တာကြောင့် နဂါးမျိုးနွယ်ရဲ့ အကြီးအကဲတစ်ချို့က ဝမ်ရီပေါ်နေရာမှာ သူ့ကို အစားထိုးချင်လာကြတယ် ။
ဝမ်ကျိုးရန်ဆိုတဲ့သူက နဂါးမျိုးနွယ်အတွက် တစ်စက်ကလေးမှ အရေးမပါခဲ့ဘူး ။ အဲ့ဒီအကြီးအကဲတွေရဲ့ မျက်လုံးထဲမှာ သူက အချိန်မရွေး အသုံးချလို့ရတဲ့ နယ်ရုပ်လေးတစ်ရုပ်ပဲ ။ သူရဲ့စိတ်ခံစားချက်တွေက အရေးမကြီးဘူး ။ သူ့ရဲ့ညီဖြစ်တဲ့ ဝမ်ရီပေါ်ကို အမြဲဦးစားပေးရမယ်ဆိုတဲ့ အသိတရားတွေ အဆက်မပြတ် ရိုက်သွင်းပေးခဲ့ပြီး သူ့ကို ထိန်းချုပ်ခဲ့ကြတယ် ။
ရှောင်ကျန့်ဆိုတဲ့ ဖီးနစ်ငှက်ငယ်လေး သူရဲ့ဘဝကြီးထဲ ဝင်မလာခင်အထိ ပျော်ရွှင်မှုက ဘာလဲဆိုတာကို မသိခဲ့ရဘူး ။ အလင်းရောင်လို တောက်ပနေတဲ့ ရှောင်ကျန့်က သူ့အတွက် အရာအားလုံးဖြစ်လာခဲ့တယ် ။ ရှောင်ကျန့်ကြောင့်သာ ပျော်ရွှင်မှုကိုသိခဲ့ရပြီး အချစ်ဆိုတဲ့အရာကို စတင်ခံစားမိလာခဲ့တယ် ။
အဲ့ဒီအခါကျတော့မှ သူ့အမေရဲ့ခံစားချက်တွေကို နားလည်လာနိုင်ခဲ့တာ ။ သူ့ရဲ့အမေက သူရဲ့အဖေကို အရမ်းချစ်ပေမဲ့ ကံဆိုးစွာနဲ့ပဲ သူ့ရဲ့အဖေကတော့ ပြန်မချစ်ခဲ့ဘူး ။ သူ့ရဲ့အဖေက ဝမ်ရီပေါ်ရဲ့အမေကိုပဲ ရူးမတက်ချစ်နေခဲ့တာ ။ အဲ့တာကြောင့် သူရဲ့အမေက တားမြစ်ထားတဲ့ မှော်နက်ပညာကို ခိုးယူသင်ကြားခဲ့ပြီး သူရဲ့အဖေအပေါ် အသုံးချခဲ့တယ် ။ သူရဲ့အဖေက ဝမ်ရီပေါ်ရဲ့အမေနဲ့ ကွဲကွာသွားခဲ့ပြီး သူ့ရဲ့အမေနဲ့ လက်ထပ်ခဲ့ရတယ် ။
VOUS LISEZ
The Story Of Phoenix King
FanfictionStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]
