Part 166

5.8K 170 0
                                    

Unicode

အခန်း (၁၆၆) - သနားစရာ သွမ်းသွမ်းလေး

စုယန်ယန်သည် အိမ်အပေါ်ထပ်သို့ ပြန်မတက်မီ သူမ၏ မိသားစုနှင့်အတူ ညစာ စားခဲ့သည်။ သူမ အိမ်ပေါ်ပြန်ရောက်ပြီး အခန်းထဲသို့ ရောက်ရောက်ချင်းမှာပင် ဟောက်ချန်ဟွမ်းထံမှ ဗီဒီယို ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သဖြင့် သူမ မျက်လုံးလေးတွေ ‌တောက်ပသွားခဲ့၏။

“ရှင် စားပြီးပြီလား။ ကျွန်မ ပြင်ဆင်ပေးလိုက်တဲ့ ဟင်းလျာတွေကို ရှင် သဘောကျရဲ့လား။ ရှင် အရမ်း သဘောကျ နှစ်ခြိုက်တဲ့ ဟင်းလျာတွေရော ရှိလား။ ရှိရင် နောက်တစ်ခါကျ ကျွန်မ ရှင့်အတွက် ချက်ပေးနိုင်ပါတယ်”

ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ တောက်ပသော မျက်လုံးများကို စိုက်ကြည့်ကာ သူ့နှုတ်ခမ်း ထောင့်စွန်းများက မသိစိတ်အရ ကွေးညွှတ်သွားကာ ပြုံးလိုက်မိသည်။

“မင်း ချက်ပေးတဲ့ ဟင်းလျာတွေ အားလုံး အရသာရှိတယ်။ ကိုယ် ဟင်းလျာတိုင်းကို ကြိုက်တယ်”

“ရှင် သိပ်မရွေးတတ်ဘူး ထင်တယ်။ မနက်ဖြန် ရှင့်အတွက် တခြား တစ်ခုခု လုပ်ပေးမယ်။ အာ... မဟုတ်သေးဘူး၊ မနက်ဖြန်ကျ ကျွန်မတို့ တွေ့ကြမှာပဲ။ ကျွန်မ ရှင့်အတွက် အဆာပြေ မုန့်အချို့ လုပ်ခဲ့မယ်။ ရှင် ချိုတဲ့ အစားအသောက်တွေကို ကြိုက်လား”

“ချိုတဲ့ အစားအသောက်လား” ဟောက်ချန်ဟွမ်းသည် လန့်ဖျပ်ပြီး ခေါင်းညိတ် လိုက်သည်။

“အင်း၊ ကိုယ် ကြိုက်ပါတယ်”

“ဒါဆိုရင် ကျွန်မ ကြက်ဥ ဌာပနာမုန့်နဲ့ ကိတ်သေးသေးလေးတွေ ရှင့်အတွက် လုပ်လာခဲ့မယ်။ အဲ့တာတွေနဲ့ တွဲဖက်စားဖို့ လတ်ဆတ်တဲ့ ပဲနို့ပူပူလေးကိုပါ ပြင်ဆင်လာခဲ့မယ်။ ပဲနို့ပူပူလေးကို သောက်ပေးတာက အမြဲတမ်း အေးစက်နေတဲ့ ရှင့်ရဲ့အခြေအနေကို နွေးထွေး လာစေလိမ့်မယ်”

“ကောင်းပါပြီ” ဟောက်ချန်ဟွမ်းသည် သူမကို မျှော်တလင့်လင့် မျက်လုံးလေးများဖြင့် ကြည့်နေခဲ့ပြီးနောက် အသံတိုးတိုးလေးဖြင့် မေးမြန်းလိုက်သည်။

“မင်း ဒီနေ့ ရှောက်ဖုန်းအတွက် ရေနွေးကြမ်း ပြင်ဆင် ပေးလိုက်တာလား”

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Where stories live. Discover now