Part 213

1.3K 113 0
                                    

အခန်း (၂၁၃)

'ညီအစ်မလို ဆက်ဆံရေး' ပျက်စီးသွားပြီ

စစ်မုန့်ယွီက ခေါင်းခါလိုက်သည်။ သူမ အမြဲယုံကြည်ပြီး ကာကွယ်ပေးနေတဲ့သူက ဒီလောက် အရုပ်ဆိုးသော နှလုံးသား ရှိကြောင်းကို သူမ မယုံချင်ဘူး။ သူမသည် အမြင်ကွယ်ပြီး သူမ၏ ထင်မြင်ယူဆချက် မှားယွင်းကြောင်းကို ပို၍ပင် မယုံချင်ပေ။

ယိုယွီရှစ်နှင့် တခြားသူတွေက သူမကို ဖိအားမပေးပဲ သူမစိတ်အာရုံတွေ ပြန်လည် စုစည်းနိုင်ဖို့ အချိန်အချို့ ပေးခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင်၊ ဝမ်ကျင့်ဖျင်က ယိုယွီရှစ်ကို လူနာသတင်း မေးရန် ရောက်လာခဲ့သည်။

သူတို့သည် သူမ ဒီကို ဘာဖြစ်လို့ လာရောက်သည်ကို သိကြသည့်အတွက် စစ်မုန့်ယွီအား အရင် ပုန်းအောင်း နေစေခဲ့သည်။ ဒီမိန်းကလေးက သူမအနားမှာ မရှိသည့်အချိန် ဘယ်လိုပုံစံလဲ ဆိုတာကို သူမကို သူတို့ မျက်မြင်ကိုယ်တွေ့ မြင်စေချင်သည်။

ဝမ်ကျင့်ဖျင်သည် စက္ကန့် အနည်းငယ်မျှ တုန်လှုပ်သွားပြီးနောက် သူမ၏ အာရုံတွေကို ပြန်လည် စုစည်းနိုင်ခဲ့သည်။ သူမသည် ဖော်ထုတ် ခံရလုနီးပါး ဖြစ်သွားခဲ့သောကြောင့် အနည်းငယ် ရှက်ရွံ့သွားသလို ခံစားရသည်။ သူမသည် သူငယ်ချင်း ကိုယ်စား ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့သော်လည်း ဤကဲ့သို့ တုံ့ပြန်ခံရသောကြောင့် ဝမ်းနည်း နာကျင်သွားသလို ဟန်ဆောင်လိုက်သည်။

"မုန့်ယွီ၊ နင် ဒီကို ရောက်နေမှန်း ငါ မသိလို့ပါ။ ငါထင်တာက..."

"နင်ထင်တာက ဘာလဲ။ နင်က ငါ အိပ်ဆောင်မှာ ရှိနေတုန်း၊ ဘာမှ မသိဘူးလို့ ထင်နေတယ်၊ ဒါ့ကြောင့် နင်က ငါ့အပေါ် အရာအားလုံး ပုံချပြီး နင်က ငါ့ကို ချနင်းပြီး အမြင့်ပေါ်တက်ဖို့ လုပ်နေခဲ့တာလား"

အကယ်၍ ထိုဗီဒီယို နှစ်ခုကြောင့်ပဲ ဆိုပါက စစ်မုန့်ယွီသည် ၎င်းကို မယုံကြည်နိုင်ဖြစ်ပြီး ဝမ်ကျင့်ဖျင်အပေါ် ဒီလောက် စိတ်ပျက်မိမှာ မဟုတ်ပေ။

အဓိက အကြောင်းရင်းကတော့ သူမဟာ ဝမ်ကျင့်ဖျင်ကို မေးခွန်းတစ်ခု မေးခဲ့သည်။

အမျိုးသားဇာတ်လိုက်ဦးလေး (၂)حيث تعيش القصص. اكتشف الآن