Part 315

335 30 0
                                    


အခန်း (၃၁၅)

– မင်းကို အလိုလိုက်အကြိုက်ဆောင်ဖို့ ဘယ်သူ့မှာမှ တာဝန်မရှိဘူး

ဟောက်ရှောက်ဖုန်းသည် ဝမ်ကျင့်ဖျင်ရဲ့ ဆွဲလိုက်တာကို ခံလိုက်ရသည်နှင့် သူ စကားမှားပြောလုနီးပါး ဖြစ်သွားခဲ့တာကို နားလည်သဘောပေါက်သွာသည်။ သူ့မျက်နှာက မှိုင်းညို့သွားပြီး စကားမပြောနိုင်တော့ပေ။

စုယန်ယန်သည် ဟောက်ရှောက်ဖုန်းက ဒီအကြောင်းအား စကားကျယ်ကျယ် မပြောဝံ့ကြောင်း သူမ သိသည်။ သူမက မျက်ခုံးပင့်ပြီး ဖိနှိပ်လိုက်သည်၊ "ဘာဖြစ်လို့ ဆက်မပြောတော့လဲ။"

ဟောက်ရှောက်ဖုန်းသည် စုယန်ယန်အား စိုက်ကြည့်ရင်း သူ့ဒေါသတွေကို မျိုချလိုက်သည်။

"ရှင့်ရဲ့ ယုတ္တိကျကျ ပြောဆိုမှုမှာ အပေါက်ရှိနေတာကို ရှင်ကိုယ်တိုင် နားလည်သဘောပေါက်သွားပုံပဲ။ ရှင် တို့ကို ပြန်တောင် မငြင်းနိုင်တော့ဘူး။"

ဟောက်ရှောင်ဖုန်းသည် အံတင်းတင်းကြိတ်ထားလိုက်မိသည်။ အကယ်၍ ဝမ်ကျင့်ဖျင်သာ သူ့လက်မောင်းကို တင်းတင်းကြပ်ကြပ် မဆုပ်ကိုင်ထားဘူးဆိုရင် သူ စုယန်ယန်ကို ပြေးထိုးမိနိုင်လိမ့်မည်။

အကယ်၍ သူသာ သူမကို တကယ်ပြေးထိုးခဲ့ပါက၊ သူမကို တကယ်ထိုးနိုင်ပါ့မလားဆိုတာ ပြောဖို့ ခက်ပါသည်။

စုယန်ယန်က သူတို့ကို လွယ်လွယ်နဲ့ လွှတ်ပေးလိုက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ သူမရဲ့ အကြည့်တွေက ဝမ်ကျင့်ဖျင်ဆီသို့ ကျရောက်သွားတော့ ဝမ်ကျင့်ဖျင်ရဲ့ အကြည့်တွေထဲက အသနားခံလိုပြီး ကြောက်ရွံ့နေသည့် အရိပ်အယောင်ကို မြင်တွေ့လိုက်ရသောအခါတွင်မူ သူမ အံ့အားသင့်သွားပြီး မျက်ခုံးပင့်လိုက်မိသည်။

သူတို့ အခုအချိန်မှာ ကြောက်ဖို့ဆိုတာ အရမ်းနောက်ကျသွားပြီ။

အစကတော့ သူမမှာ ဒီလူမိုက်နှစ်ယောက်နဲ့ ကစားဖို့ အချိန်ရော ခွန်အားပါ တကယ်မရှိပေမယ့် သူတို့သည် သူတို့မျက်နှာကို ဖြတ်ရိုက်ခံရန် တံခါးဆီသို့ အပြေးအလွှား လာရောက်ခဲ့ကြတာ ဆိုတော့ သူမအနေဖြင့် ဘယ်လိုလုပ်ပြီး ကရုဏာသက်မှုကို မပြသပဲ နေနိုင်ပါ့မည်နည်း။

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Where stories live. Discover now