Part 300

596 44 0
                                    

အခန်း (၃၀၀)

- တကယ့်ကို လည်ပင်းစောင်း(ဇက်ခိုင်)နေတာလား

ဖမ်းကျားကျစ်ပြောတဲ့ ဇက်ခိုင်နေတယ် ဆိုတာက တကယ့်ကို ဇက်ခိုင်တာမျိုး မဟုတ်ပေမယ့် ... ဒါက သူ့ခေါင်းအုံးကြောင့် ဖြစ်တာပါ။

လွန်ခဲ့သည့် တစ်ပတ်က ဖမ်းကျားကျစ်သည် သူ့ရဲ့ မွေးရပ်မြေသို့ အလည်ပြန်သွားခဲ့ပြီး သူ့ဦးလေးအိမ်တွင် နှစ်ညအိပ် နေထိုင်ခဲ့သည်။

သူသည် နူးညံ့ပျော့ပြောင်းသော ခေါင်းအုံးမျိုးကို အသုံးပြုလေ့ရှိပြီး သူ့ဦးလေးအိမ်တွင် ခေါင်းအုံးအမာဖြင့် နှစ်ရက်ကြာ အိပ်စက်ပြီးနောက် အိမ်ပြန်လာသောအခါတွင် သူ့လည်ပင်းက များစွာ မလှုပ်ရှားနိုင်တော့ပေ။

နည်းနည်းလေး စောင်းလိုက်တာနဲ့ နာကျင်သွားပြီး၊ ကျန်းမာကြံ့ခိုင်သော လူငယ်လေးသည် လည်ပင်းစောင်း(ဇက်ခိုင်)ခြင်း ဝေဒနာကြောင့် ခါးသီးနေရသည်။

ဒီအတိုင်း ဆက်ဖြစ်နေဦးမယ်ဆိုရင်၊ နောင်မှာ သူ ဘယ်လိုလုပ်ပြီး မိန်းမရှာလို့ရပါတော့မလဲ။

သူ့ရဲ့ စောင်းနေတဲ့ လည်ပင်းမှာ မိန်းကလေးတစ်ဦးကို ဆွဲမချဖို့ လူတွေက ပွင့်ပွင့်လင်းလင်း ထုတ်ပြောတာ ခံရလိမ့်မယ် မဟုတ်ပါလား။

စုယန်ယန်က မတ်တပ်ထရပ်လိုက်ပြီး သူ့ကို ထိုင်ခုံပေါ် ထိုင်ချခိုင်းလိုက်သည်။ သူမသည် လေးနက်သော အမူအရာနဲ့ ခဏလောက် သေချာစစ်ဆေးကြည့်လိုက်သည်။

ဖမ်းကျားကျစ်က နှလုံးခုန်မြန်သွားပြီး "ဒါကို ပျောက်ကင်းအောင် ကုသနိုင်ပါ့မလား" လို့ မေးလိုက်မိသည်။

"အင်း" စုယန်ယန်က ခဏလောက် စဥ်းစားကြည့်လိုက်သည်။ "ဒါပေမယ့် ရှင်ကျ အပ်စိုက်ကုထုံးအပ်တွေ အသုံးပြုစရာ မလိုဘူး။ ကျွန်မ ရှင့်ကို နှိပ်ပေးလိုက်မယ်"

"အနှိပ်ကုထုံးလား" ယဲ့ချီလျန့်သည် ဒီအသုံးအနှုန်းအသစ်က သူ့စိတ်ထဲတွင် စွဲထင်သွားခဲ့ပြန်သည်။

"ဒါကလည်း ကုသနည်းတစ်မျိုးပါပဲ။ အပေါ့ပါးဆုံးနည်းလမ်းနဲ့ဆို ချီသွေးကြောတွေကို ရှင်းလင်းပေးနိုင်တယ်၊ ချီနဲ့ သွေးတွေကို သဟဇာတဖြစ်အောင် လုပ်ပေးတယ်၊ ဒီထက် ပိုလေးနက်တဲ့နည်းလမ်းနဲ့ဆို အရိုးတွေကို ပြန်ဖြောင့်အောင်ပါ လုပ်နိုင်စွမ်းရှိတယ်။ သို့ပေမယ့်၊ အတွေ့အကြုံ သိပ်မရှိသေးတဲ့ အနှိပ်ဆရာကတော့ အာရုံစူးစိုက်မှု လိုအပ်နေသေးတယ်။ အင်အားက ပေါ့ပါးလွန်းရင်လည်း ကုသမှုရဲ့ အကျိုးသက်ရောက်မှုကို ရရှိစေမှာ မဟုတ်ဘူး။ အင်အားက အရမ်းပြင်းထန်ရင်လည်း လူနာကို သက်သာပျောက်ကင်းသွားစေမယ့်အစား ဒဏ်ရာကို ပိုပြင်းထန်သွားစေနိုင်ပါတယ်"

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Onde histórias criam vida. Descubra agora