Unicode
အခန်း (၁၈၆)
လက်ပူးလက်ကြပ် ဖမ်းဆီးမိခြင်းစုယန်ယန်သည် ဟောက်ချန်ဟွမ်းနှင့် အကြည့်ချင်း ဆုံရင်း ထူးထူးခြားခြား သူမစိတ်ထဲ အပြစ်ရှိသလို ခံစားရကာ နောက်သို့ သူ့အလိုလို ခြေလှမ်း ဆုတ်မိပြီး တည်ငြိမ်ချင်ဟန် ဆောင်ကာ ထစ်ထစ်အအဖြင့် “မဟုတ်-မဟုတ်ပါဘူး” ဟု ပြောလိုက်သည်။
“ကောင်းပြီ၊ အဲ့လို မဟုတ်ဘူးဆိုရင်၊ မင်း ဒီည ကိုယ့်ကို ကြမ်းပြင်ပေါ်မှာ အိပ်ခိုင်းရတာကို ပြဿနာ တစ်ခုလို့ မတွေးသင့်ဘူး”
စုယန်ယန်သည် သူမ ပါးစပ်ကိုဖွင့်၍ တစ်ခုခု ပြောမည့်ဟန် ပြင်နေသည့် အချိန်တွင် ဟောက်ချန်ဟွမ်း ပြောလိုက်သည့် စကားကို ကြားလိုက်ရသည်။
“လက်ထပ်ခွင့် တောင်းတာ အောင်မြင်ရင် ကိုယ် လိုချင်တဲ့ ဆုတောင်းလို့ ရတယ်လို့ မင်း အခုနတုန်းက ပြောခဲ့တယ်၊ ကိုယ် အဲ့ဆုကို မင်းအခန်းထဲက ကြမ်းပြင်ပေါ်မှာ အိပ်ခွင့်ရဖို့ အသုံးပြုချင်တယ်။ ဒီတောင်းဆိုချက်က... သိပ်မများပါဘူး၊ ဟုတ်တယ်မလား”
စုယန်ယန် “...” ကျွန်မမှာ ဘာမှ ပြောစရာ မရှိတော့ဘူး။
နောက်ဆုံးတော့ စုယန်ယန် သနားသွားသည်။
“ကောင်းပြီ... ဒါကို လက်ခံလိုက်မယ်။ ဒါပေမယ့် ကျွန်မတို့ တစ်ခန်းတည်း အတူနေတယ် ဆိုရင်တောင် သာမန်ထက်ပိုတဲ့ အပြုအမူတွေ မလုပ်ရဘူးလို့ ကျွန်မ ကြိုပြော ထားရလိမ့်မယ်။ ကျွန်မတို့ လက်ထပ်တော့မယ့် လူတွေ ဆိုရင်တောင်မှ ကျွန်မတို့ လက်ထပ်ပြီးမှ လုပ်သင့်တဲ့ အရာတွေ ရှိတယ်”
စုယန်ယန်သည် သာမန်အားဖြင့်ဆိုလျှင် ပရောပရည် ပြုလုပ်လေ့ရှိပြီး ဟောက်ချန်ဟွမ်းကို ပွေ့ဖက် အနမ်း ပေးတတ်တယ် ဆိုပေမယ့် သူမမှာ အစဉ်အလာတွေ ထိန်းသိမ်းတတ်သည့် အလေ့အကျင့်လေးတော့ ကျန်ရှိသေးသည်၊ မဟုတ်ပါက ဟောက်ချန်ဟွမ်း သူမကို ပြန်လည် ပရောပရည် လုပ်သည့် အခါတိုင်း ပျာယာခတ်နေမိမှာ မဟုတ်ပေ။
ဟောက်ချန်ဟွမ်း၏ မျက်ဝန်းထဲတွင် ရယ်မြူးရိပ် တစ်ခု ဖြတ်ပြေး သွားခဲ့ပြီးတော့ နာခံမှုရှိစွာ ပြန်တုံ့ပြန်ခဲ့သည်။
