Unicode
အခန်း (၁၈၇)
ဒေါသတကြီး ပြန်သွားခဲ့တယ်ကမ္ဘာတုန်ခါ စေလောက်သော အော်ဟစ်သံက အိမ်ခေါင်မိုး လန်ထွက်လုနီးပါး ဖြစ်သွားခဲ့သည်။ စုယုရွှမ်သည် ဒေါသတကြီး ပေါက်ကွဲလုနီးပါး ဖြစ်နေကြောင်း သိသာ ထင်ရှားလှသည်။
စုယန်ယန်သည် ဤကဲ့သို့ အော်သံကြောင့် အိပ်တစ်ဝက် နိုးတစ်ဝက် အခြေအနေမှ နိုးထသွားကာ ဒီကိစ္စ၏ လေးနက်မှု အကြောင်းကို နားလည် သဘောပေါက် သွားခဲ့ပြီး သူမ ကိုးရိုးကားရား လှည့်ကြည့် လိုက်ချိန်တွင် မျှော်လင့်ထားသလိုပဲ အိပ်စက်ရာမှ နိုးလာသော ဟောက်ချန်ဟွမ်းကို တွေ့လိုက်ရသည်။
သူမ သက်ပြင်း ရှိုက်လိုက်မိပြီး စိတ်အား ထက်သန်စွာ ရှင်းပြဖို့ ကြိုးပမ်းလိုက်သည်။
“အစ်ကိုကြီး၊ အထင်မလွဲပါန့၊ ညီမလေးတို့ကြား ဘာမှ မဖြစ်ပါဘူး”
စုယုရွှမ်ဟာ ဒီအချိန်မှာ ဒေါသစိတ်ကြောင့် မျက်စိကွယ်လုနီးပါး ဖြစ်နေရတာက သနားစရာပါပဲ၊ သူက အကျိုးအကြောင်းသင့် မတွေးတောနိုင်တော့ပဲ ဟိန်းဟောက် လိုက်သည်။
“မင်းတို့နှစ်ယောက် ဘာဖြစ်လို့ တစ်ခန်းတည်း အတူနေရတာလဲ”
“ဘာဖြစ်လို့လဲ... ဘာဖြစ်လို့လဲ ဆိုတော့ မနေ့ညက မိုးရွာပြီး မိုးအရမ်း ခြိမ်းတယ်၊ ညီမလေးက တစ်ယောက်တည်း ဖြစ်နေတော့ အရမ်း ကြောက်နေတာ၊ အဲ့တာကြောင့် သူက ညီမလေးနဲ့ အတူ လာနေပေးတာ။ ပြီးတော့ သူက ကြမ်းပြင်ပေါ်မှ အိပ်တာပါ၊ ညီမလေးက အိပ်ရာပေါ်မှာ အိပ်တာ၊ ညီမလေးတို့ကြား ဘာမှ မဖြစ်ခဲ့ပါဘူး”
စုယန်ယန် ထိုသို့ ပြောလိုက်သည်နှင့် လက်ရှိ လူပုဂ္ဂိုလ်အားလုံး ကြက်သေ သေသွားခဲ့ကြသည်၊ အထူးသဖြင့် ဟောက်ချန်ဟွမ်းက ပိုဆိုးသည်။
သို့သော်လည်း ဟောက်ချန်ဟွမ်းသည် စုယန်ယန်က သူ့ကို ကာကွယ် ပေးနေကြောင်း အလျင်အမြန် နားလည် သဘောပေါက် သွားခဲ့ကာ သူ့နှုတ်ခမ်း ထောင့်စွန်းတွေက ကွေးညွှတ်သွားခဲ့ကာ မသိစိတ်အရ ပြုံးမိသွားသည်။
“အစ်ကိုကြီး၊ ဘာဖြစ်လို့ ဒီကို ရောက်လာတာလဲ”
“အဓိပ္ပါယ် မရှိတာတွေ လာမပြောနဲ့။ ဘယ်သူက မင်းအစ်ကိုလဲ”