Unicode
အခန်း (၁၆၇)
ချိုမြိန်တဲ့ ကိတ်သေးသေးလေးသနားစရာ အမွှေးပွလုံးလေးက ဒီဆွေးနွေးမှုဟာ ပြီးဆုံးသွားပြီလို့ ထင်ခဲ့ပေမယ့် သူ့သခင်က ရုတ်တရက် ဒီအကြောင်းကို ပြန်ပြော လာပြန်သည်။ သူလေးက သူမကို ဝမ်းနည်း နာကျင်စွာ အော်ဟစ် ပြလိုက်ပြီး ဒီလူမဆန်တဲ့ အဆိုပြုချက်ကို ပြတ်ပြတ်သားသား ပယ်ချလိုက်ပါသည်။
စုယန်ယန်သည် သူမခွေးလေး၏ စိတ်ခံစားချက်အရ ညည်းညူသည့်ဟန် ဟောင်သံကြောင့် ဟက်ဟက်ပက်ပက် ရယ်မော လိုက်မိသည်။ ခဏအကြာမှာတော့ သူမက သနားကရုဏာ သက်စွာ ပြောခဲ့သည်။
“အိုး... မာမီတို့က သားလေးကို အခု သင်းကွပ် လိုက်မယ်ဆိုရင် နောင်အနာဂတ်မှာ ဟွားဟွားက သားရဲ့ ကလေးလေးတွေကို ကိုယ်ဝန်ဆောင် ပေးချင်တယ် ဆိုရင်တောင် သားလေးမှာ ဒီအခွင့်အရေး ရှိမှာမဟုတ်ဘူး။ ဒါ့ကြောင့် ဒါကို မေ့လိုက်ကြ ရအောင်နော်”
“ဝုဖ်...” သွမ်းသွမ်း၏ နောက်ဆုံး ဟောင်သံဟာ သနားစရာ ကောင်းလှသည်။ သူလေးရဲ့ ဝမ်းနည်း ပူဆွေးနေတဲ့ မျက်လုံးတွေနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ ဒီခွေးလေးက အနိုင်ကျင့် ခံနေရတယ် ဆိုသည့် အသွင်အပြင်လေးကို ဖြစ်ပေါ်စေသည်။
“ကောင်းပြီ၊ ကောင်းပြီ။ မာမီ မင်းရဲ့ ယောက္ခမလောင်းကို သူမရဲ့ လက်ရှိ အခြေအနေ ဘယ်လိုဆိုတာ အရင်မေးကြည့် လိုက်ဦးမယ်။ ပြီးမှ နောက်နှစ်ရက် အတွင်း သားလေးရဲ့ အိပ်မက် နတ်သမီးလေးကို တွေ့ဖို့ ခေါ်သွားပေးမယ်။ ရိုးရိုးသားသား ပြောရရင် မင်း ဒီရက်ပိုင်းမှာ ပြဿနာ မရှာရဘူး၊ ဟုတ်ပြီလား။ မဟုတ်ရင် ငါ မင်းကို အဲဒီကို ခေါ်သွားပေးမှာ မဟုတ်ဘူး၊ မင်း ရှင်းရှင်းလင်းလင်း နားလည်ရဲ့လား”
သွမ်းသွမ်းသည် နောက်တစ်ကြိမ် ထပ်ဟောင်လိုက်ပြီး နာခံစွာဖြင့် စားပွဲခုံအောက်မှာ အိပ်နေလိုက်သည်။ သူလေး၏ အသွင်အပြင်က သူမကို ရှင်းလင်းစွာ ပြောပြနေသည်မှာ ‘သား လိမ်လိမ်မာမာ နေပါတယ်၊ မာမီ ကတိတည်ရမယ်နော်’
စုယန်ယန်သည် ဒီလူရွှင်တော်လေးနှင့် ပတ်သက်၍ ဘာမှမတတ်နိုင်ပဲ ဟောင်ချန်ဟွမ်းကိုသာ မှာကြားခဲ့သည်။
