Part 201

1.3K 87 0
                                    

အခန်း (၂၀၁)

အသူရာရဲ့ အိမ်ထောင်ပြုဖို့ တိုက်တွန်းသည့် စစ်မြေပြင်

ထိုအချိန်တွင် စုယန်ယန်သည် တစ်စုံတစ်ဦးက ဒုက္ခ အကြီးအကျယ် ရောက်နေပြီး သူ့ကို ကယ်တင်ပေးဖို့ရန် သူမကို စောင့်မျှော်နေမှန်း မသိခဲ့ပေ။

စုယန်ယန်သည် စားသောက်ဆိုင် ဖွင့်လှစ်ရန် ဆုံးဖြတ်ထားသောကြောင့် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်တွေကို နှောင့်နှေးနေခြင်း မရှိခဲ့ပေ။ ထိုနေ့တွင်ပင် သူမက စားသောက်ဆိုင်ကို ပူးပေါင်း ဖွင့်လှစ်သည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ချိန်ကျွင်းဟောက်အား ချော့မော့ကာ စည်းရုံးနိုင်ခဲ့ပြီး ပြုပြင်မွမ်းမံသူ အဖွဲ့တစ်ဖွင့်နှင့် ဆက်သွယ်ကာ နောက်တစ်နေ့မှာပင် နှစ်ရှည်လများ စွန့်ပစ်ထားခဲ့သော ဆိုင်ခန်းအတွက် လိုအပ်သည့် ပြုပြင်မွမ်းမံသည့် လုပ်ငန်းစဉ်များကို စတင် လုပ်ဆောင်စေခဲ့သည်။

မစ္စတာနှင့် ကျန်လူများသည် စုယန်ယန်က သူမကိုယ်ပိုင် စားသောက်ဆိုင် ဖွင့်လှစ်ချင်ကြောင်း ကြားသိ လိုက်ရသောအခါတွင် အံ့သြတုန်လှုပ် သွားခဲ့ကြပေမယ့် သူတို့က စားသောက်ဆိုင် ဖွင့်လှစ်တာက စုယန်ယန်က သူမ၏ ဟင်းချက်လက်ရာကို ပိုမို မြင့်တင်နိုင်ဖို့ အခွင့်ကောင်းတစ်ခု ဖြစ်တယ်လို့ တွေးခဲ့ကြပြီး သူတို့က မကန့်ကွက်ခဲ့ကြပေ။ သူမ စားသောက်ဆိုင် ဖွင့်လှစ်ပြီးနောက် အလုပ်ပိုများလာကို စိုးရိမ်တာကလွဲလို့ သူမ၏ ဆုံးဖြတ်ချက်ကို အများစုက ထောက်ခံခဲ့ကြပြီး ငွေကြေးဆိုင်ရာ ပံ့ပိုးပေးရန် အဆင်သင့် ဖြစ်နေခဲ့ကြသည်။

စုယန်ယန်သည် ငွေကြေးဆိုင်ရာ ပံ့ပိုးမှုများကို လက်မခံခဲ့ပေ။ ဆိုင်ခန်းကို ပြုပြင် မွမ်းမံပြီးနောက် ယုံကြည်စိတ်ချရသော ဝန်ထမ်းတွေ ခန့်အပ်နိုင်ရန် အတွက်သာ မစ်စတာစုနှင့် ချိန်ကျွင်းဟောက်တို့ကို အကူအညီ တောင်းခဲ့သည်။

ဒါက သူတို့နှစ်ယောက် အတွက် ခက်ခဲသည့် ကိစ္စရပ် မဟုတ်တာကြောင့် ရမယ်လို့ ချက်ချင်း ပြောခဲ့သည်။

စုယန်ယန်တို့ခေတ် အချိန်အခါတွင် အချို့သော ယဉ်ကျေးမှု အမွေအနှစ်များ အတော်လေး ဆုတ်ယုတ် သွားခဲ့သော်လည်း သစ်ပင်ပန်းမန်များနှင့် တိရစ္ဆာန်များသည် အချို့သော ပြောင်းလဲမှုများနှင့် ဆင့်ကဲဖြစ်စဉ်များကို ဖြတ်သန်းခဲ့ရပြီး အများစုမှာ မျိုးသုဉ်း ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Hikayelerin yaşadığı yer. Şimdi keşfedin