Unicode
အခန်း (၁၇၇)
မင်း တစ်နေ့မှာ ကုသပေးနိုင်လိမ့်မည်ယန်ကျင်းယို့သည် စုယန်ယန်က သူ့ကို ကုသပေးမည်ဟု သဘောတူသောအခါတွင် အလွန် စိတ်သက်သာရာ ရသွားခဲ့သည်။ သူက သူမထံသို့ ကျန်းမာရေး စစ်ဆေးချက် ပို့ပေးရန်သာ လိုအပ်ပြီး ဒါက သူ့အတွက် သက်သောင့်သက်သာ ဖြစ်စေသည်။
နျဉ်ချီလွေ့ တက်ရောက်နေသည့် ဆေးရုံသည် သူ့ဦးလေး၏ ပိုင်ဆိုင်မှု ဖြစ်သည်။ တစ်ခုခုဖြစ်ရင် လျှို့ဝှက်ထားဖို့ အာမခံမှုရှိသည်။
“ကောင်းပြီ၊ ကောင်းပြီ။ ငါ ခဏနေရင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး စစ်ဆေးမှု လုပ်ပြီးရင် မင်းဆီကို ကျန်းမာရေး စစ်ဆေးချက် အစီရင်ခံစာကို ပို့ပေးလိုက်ပါ့မယ်”
“ကောင်းပြီ၊ အဲ့တာဆို အဲ့လိုပဲ လုပ်လိုက်ပါ။ တခြား အထွေအထူးရှိရင် ကျွန်မကို ဆက်သွယ်လိုက်ပါ”
စုယန်ယန်သည် သူမ ချက်ပြုတ် ပြင်ဆင်ထားတဲ့ ဆေးဖက်ဝင် ဟင်းလျာတွေက ထိရောက်မှုရှိကြောင်း အတည်ပြုပြီးနောက် ယန်ကျင်းယို့နှင့် စကားစမြည် ပြောဆိုဖို့ စိတ်မဝင်စားတော့ပဲ ဟောက်ချန်ဟွမ်း ရှိရာ အပြင်ဘက်သို့ ဝမ်းသာအားရ ပြေးထွက်သွားခဲ့သည်။
“မင်း ပျော်နေတာလား”
“အင်း...” စုယန်ယန်သည် သူမ၏ ပျော်ရွှင်မှုကို မဖုံးကွယ်ထားခဲ့ချေ။ သူမ ပျော်ရွှင်နေသော အကြည့်တွေက သူ့ထံသို့ ရောက်ရှိလာကာ ရှက်ရွံ့စွာဖြင့် “ရှင် အဲ့တာကို မြင်တာလား” လို့ မေးလိုက်သည်။
ဟောက်ချန်ဟွမ်းသည် အခုလေးတင် သူမတို့ နှစ်ယောက် စင်္ကြံလမ်းမှာ ရပ်ပြီး စကားပြောဆိုနေသည့် မြင်ကွင်းကို ပြောနေတာလို့ အတွေးပေါက်မိသည်။ သူ့မျက်လုံးတွေက မည်းမှောင်သွားကာ “ကိုယ် မြင်တယ်” လို့ အေးစက်စွာ ပြောလိုက်သည်။
စုယန်ယန်သည် ဟောက်ချန်ဟွမ်း၏ စိတ်ခံစားမှု အပြောင်းအလဲများကို အမြဲတမ်း သတိပြုမိပြီး သူမသည် ဟိုဟိုဒီဒီ လမ်းလျှောက် နေတာကို ရပ်တန့်လိုက်ကာ ဟောက်ချန်ဟွမ်းနှင့် မျက်နှာချင်း ဆိုင်လိုက်သည်။ သူမသည် သူနှင့် အကြည့်ချင်းဆုံဖို့ ခေါင်းငုံ့ကာ သူ့မျက်ဝန်းထဲသို့ စိုက်ကြည့်လိုက်သည်။