အခန်း (၃၀၂)
– နောက်ထပ် သံသယဖြစ်စရာအချက်
"ကိုယ်ချင်းစာစိတ် မရှိပဲ၊ မင်းအတွက် အခက်အခဲ ဖြစ်စေတဲ့အတွက် ဒါက အဖိုးအမှားပါပဲ" ယဲ့ချီလျန့်သည် စုယန်ယန်အား အပြစ်ရှိစွာ ဦးညွှတ်လိုက်မိသည်။
စုယန်ယန်က သူ ဒီလို ဖြစ်နေတာကို မြင်လိုက်ရတော့ အနည်းငယ် စိတ်မကောင်း ဖြစ်သွားမိသည်။ သူမရှေ့က ဒီလူကြီးက တကယ့်ကို ကိုယ်ကျိုးမဖက်သူ ဖြစ်သည်။ သူသည် တရုတ်တိုင်းရင်းဆေးပညာနှင့် ထိုအရာနှင့် ပတ်သက်သည့် အရာအားလုံးကို နှစ်သက်သဘောကျပေသည်။
လူတွေရဲ့ မျက်လုံးက လူတွေကို မလှည့်စားနိုင်ဘူး။ သူမဟာ တစ်ဖက်လူရဲ့ ရိုးသားမှုကို ခံစားရပြီး ငွေရှာဖို့ ဤအရာများကို သူမလက်ထဲ ဆုပ်ကိုင်ထားဖို့ ဘယ်တုန်းကမှ မတွေးခဲ့ပေ။
သို့ပေမယ့်၊ သူမ တခြားသူတွေကို သင်ကြားပေးစေချင်တာကတော့...
စုယန်ယန်သည် အသက်ပြင်းပြင်းရှုပြီး စနစ်ကို မေးဖို့ ကြိုးစားသည်၊ "စနစ်၊ ငါ စနစ်ကနေ လေ့လာသင်ယူခဲ့တာတွေကို တခြားသူတွေကို သင်ပေးလို့ ရမလား"
မတုံ့ပြန်ခင် စနစ်သည် စက္ကန့်အနည်းငယ်လောက် အသံတိတ်သွားသည်။
[ရပါတယ်]
"ဆိုးကျိုးတွေ ရှိလာနိုင်လား"
[မရှိနိုင်ဘူး၊ မင်း ဆေးဖက်ဝင်ဟင်းလျာ ချက်ပြုတ်နည်းကို သင်ပေးတဲ့သူတွေ ဘာမှ မဖြစ်ခဲ့ဘူး မဟုတ်လား။]
"ဒါက မတူဘူး။ ဆေးဖက်ဝင်ဟင်းလျာတွေရဲ့ အကျိုးသက်ရောက်မှုက အတော်လေး အားနည်းတယ်၊ ပြီးတော့ စတိုးဆိုင်ထဲက ဆေးဖက်ဝင်ဟင်းလျာတွေကို မချက်ပြုတ်ခင် ငါက ပြန်စစ်ဆေးပေးပြီး ငါ့ထိန်းချူပ်မှုအောက်မှာပဲ ရှိတယ်။ အခု သူက င့ါကို ငါမသိတဲ့သူတွေကို သင်ပေးစေချင်တယ်"
သူမသည် လူတချို့ကို အမှန်တကယ် သင်ကြားပြသခဲ့ပြီး ဒီလူတွေက အရည်အချင်း မပြည့်မီသော်လည်း သူတို့၏ ပြိုင်စံရှား မာနဘဝင်မြင့်ခြင်းကြောင့် တခြားသူတွေကို ကုသပေးပြီး တစ်ခုခု မှားသွားရင် သူမအပြစ် ဖြစ်မှာလား။