Part 253

873 83 1
                                    

အခန်း (၂၅၃)

ငါ့ဇနီးသည်က ဒီလည်စည်းပဝါကို ချည်ထိုးပေးခဲ့တာ

အစည်းအဝေးခန်းမှ ထွက်လာသောအခါတွင် ဆွဲ‌ဆောင်မှုရှိပြီး ကြီးစိုးခြယ်လှယ် နိုင်စွမ်းရှိတဲ့ နယ်ပယ်မှာ လုပ်ကိုင်နေသည့် ကုမ္ပဏီ၏ အကြီးတန်း အမှုဆောင် အရာရှိတွေဟာ အခုလေးတင် သူတို့ကို ရေထဲမှ ဆွဲထုတ်ထားသည့်ပုံ ပေါ်သည်။ သူတို့၏ မျက်နှာတွေက ဖြူဖျော့နေပြီး သူတို့၏ ကျောတွေဟာ စိုစွတ်နေခဲ့သည်။

"ငါ အခုနတုန်းက အရမ်း ကြောက်နေခဲ့တာ။ ငါ ဒီနေ့ ဒီနေရာမှာ သေတော့မယ်လို့ ထင်နေခဲ့တာ"

"အေးကွ။ ဘော့စ် မင်းကို လှမ်းကြည့်လိုက်တဲ့ အချိန်တုန်းက ငါပါ ချွေးပြန်နေတာ။ အဲ့ဒီအကြည့်တွေက အရမ်း... ကြောက်ဖို့ ကောင်းတယ်။ ဒါပေမယ့် မင်း အရမ်းမိုက်တယ်။ မင်း ရုတ်တရက် ဘော့စ်၏ လည်စည်းပဝါ အကြောင်းကို ဆွဲထုတ်လိုက်နိုင်တယ်..."

"ဟီးဟီးဟီး၊ ငါ အရမ်းတုန်လှုပ်နေတာ။ ငါ ရုတ်တရက် မန်နေဂျာကျိုး အစောပိုင်းက ပြောခဲ့တဲ့ စကားကို ပြန်အမှတ်ရ သွားခဲ့တယ်၊ ဒါ့ကြောင့် ငါလည်း ဖြစ်ချင်ဖြစ်ဆိုပြီး ပြောချလိုက်တာ"

သူ ထိုသို့ ပြောလိုက်သည်နှင့် အားလုံး၏ အကြည့်စူးများက ကျိုးယန်ပိုင်ထံ ရောက်ရှိလာသည်။ "မန်နေဂျာကျိုး၊ စီအီးအိုရဲ့ လည်စည်းပဝါက ဘယ်လို မှော်ပစ္စည်းမျိုးလဲ။ ဘာဖြစ်လို့ စီအီးအိုက အရမ်း တန်ဖိုး ထားရတာလဲ"

"ဒါက အကြမ်းစား လက်နက် တစ်ခုတော့ မဟုတ်ပါဘူး။ ဒါကို ချည်ထိုးပေးတဲ့ သူက စီအီးအို ဂရုစိုက်တဲ့သူ ဖြစ်တာကြောင့်ပဲ"

"စီအီးအို ဂရုစိုက်တဲ့သူ... ဖြစ်နိုင်တာက..." သူတို့ ထပ်ပြီး မေးချင်ပေမယ့် ကျိုးယန်ပိုင်တို့ အုပ်စုဟာ ထွက်သွားနှင့်ပြီ။

ထိုနေ့ မွန်းလွဲပိုင်းတွင် ကြီးကြပ်ရေးမှုးများ၏ ဖုန်းအားလုံး တစ်ချိန်တည်းမှာ တုန်ခါသွားသည်။ သူတို့ ဖုန်းကို ဖွင့်ကြည့်လိုက်တော့ သူတို့ အထူးဂရုစိုက် နေကြသည့် ဘစ်ဘော့စ်ကြီးထံမှ မက်ဆေ့ချ် တစ်စောင် ရောက်ရှိတာ ဖြစ်ကြောင်း သိရှိလိုက်ရသည်။

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Where stories live. Discover now