Part 306

517 34 0
                                    


အခန်း (၃၀၆)

- ကိုယ် မင်းကို အလိုလိုက်မယ်


စုယန်ယန်သည် ဟောက်ချန်ဟွမ်း၏ စကားကြောင့် သဘောကျကာ ပြုံးရယ်လိုက်မိသော်လည်း မျက်ရည်များ ဝဲလာသည်။

"ပထမအဖိုး၊ ပြီးရင် ရှင်။ ရှင်တို့တွေ ကျွန်မကို အရမ်းအလိုလိုက်နေကြတာပဲ။"

ဟောက်ချန်ဟွမ်းက စုယန်ယန်ကို သူ့ပေါင်ပေါ်ဆွဲတင်ပြီး စနောက်ကျီစယ်လိုက်သည်။ "ကိုယ် မင်းကို အလိုလိုက်တဲ့အခါ မင်း ဘယ်လိုပြုမူမလဲဆိုတာကို ကိုယ် အရမ်းသိချင်တယ်။"

စုယန်ယန်က ရယ်ရယ်မောမော ပြောလိုက်သည်။ "ကျွန်မက ရှင်တို့ရဲ့ အလိုလိုက်မှုတွေကြောင့် ဘဝင်မြင့်ပြီး မာနဝင့်ကြွားတဲ့သူ ဖြစ်ကောင်းဖြစ်လာလိမ့်မယ်။"

"ဘယ်လိုမျိုးလဲ။"

"ဥပမာအားဖြင့်၊ ကျွန်မ ဒီနေ့ စိတ်အခြေအနေ မကောင်းဘူး၊ ဒါကြောင့် ရှင် ဒီည ဧည့်ခန်းမှာ ရှင် တစ်ယောက်တည်း အိပ်ရမယ်။"

ဟောက်ချန်ဟွမ်းသည် ထိုစကားကိုကြားသောအခါ သူ့မျက်လုံးတွေ မည်းမှောင်သွားသော်လည်း သူ ပြောလိုက်သည်မှာ "မင်းအပြင်ဖက်မှာ စိတ်အခြေအနေမကောင်းစေတဲ့ ကိစ္စရပ်တွေ ကြုံတွေ့ခဲ့ရပြီး စိတ်မကောင်းဖြစ်နေလို့ ကိုယ် ဒီလိုမျိုး ခွင့်ပြုပေးလိုက်တာက သဘာဝကျပါတယ်။ ဒါပေမယ့် ကိုယ် မင်းနဲ့ ခွဲမအိပ်နိုင်မှာကို ကိုယ်ကြောက်တယ်။"

စုယန်ယန်တစ်ယောက် ဆွံ့အသွားသည်။ ဘာဖြစ်လို့ ကျွန်မ မရှိတာနဲ့ ရှင်က မအိပ်နိုင်ရမှာလဲ။ ရှင် အရင်က တစ်ယောက်တည်း မအိပ်ဖူးလို့လား။ ကျွန်မတို့ အတူတူ အိပ်တာ နှစ်ရက်ပဲ ​​ရှိသေးတယ်၊ ရှင်က ကျွန်မနဲ့ ခွဲအိပ်ဖို့ အဆင်မပြေဘူးတဲ့လား။ ရှင် အရမ်း အတွေးလွန်နေတာ မဟုတ်ဘူးလား။

"ကိုယ် ညဉ့်သန်းခေါင်ယံမှာ တရေးနိုးလာတဲ့အခါ မင်းကိုလွမ်းတယ်၊ မင်းရဲ့အခန်းတံခါးကိုဖြတ်ပြီး မင်းရဲ့အခန်းထဲကို မဝင်နိုင်ရင် တခြားသူတွေလို ပြတင်းပေါက်ကနေ တွားသွားပြီး ခိုးကြည့်မိမှာကို ကိုယ်ကြောက်တယ်။"

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Donde viven las historias. Descúbrelo ahora