အခန်း (၃၀၈)
– သူ့ကို တားမြစ်လိုက်တာလား။
ရှားကျွင်းရှန့်က ဒီလိုပြောရင်း စုယန်ယန်ကို မသိစိတ်က မေးလိုက်မိသည်၊ "အစ်ကိုတို့ သူတို့ရဲ့ မန်နေဂျာတွေကို ပြောင်းလိုက်သင့်လား။"
စုယန်ယန်က ခဏလောက် စဥ်းစားပြီးနောက် ခေါင်းခါလိုက်သည်၊ "သူ့ရဲ့ အရည်အချင်းကို အရင်ကြည့်ရအောင်။ ဒီအသိုင်းအဝိုင်းထဲက လူတွေရဲ့ အဆက်အသွယ်တွေကို လျှော့မတွက်နဲ့။"
ရှားကျွင်းရှန့်ရဲ့ မျက်လုံးတွေက တဖျပ်ဖျပ် လှုပ်ခါသွားပေမယ့် သူ ဘာမှတော့ မပြောလိုက်ပါဘူး။
နောက်ဆုံးအဆင့်ထိ ကျန်ရှိသည့် သုံးယောက်အကြောင်းကို သိရှိပြီးနောက် စုယန်ယန်သည် ကံမကောင်းတဲ့တစ်ယောက်အကြောင်း မေးလိုက်မိသည်၊ "ယိုယွီရှစ်ရဲ့ ဒဏ်ရာအခြေအနေကရော ဘယ်လိုလဲ။"
"သူမ ပြန်သက်သာလာပါပြီ၊ ဒါပေမယ့်..."
"ဘာဖြစ်လို့လဲ။"
"အစကတည်းက ယွီရှစ်က အဆိုရော အကပါ တွဲဖက်သီဆိုတဲ့ အဆိုတော်တစ်ဦးဖြစ်ဖို့ စီစဥ်ထားခဲ့တာ၊ အခု သူမ ဒီလိုဖြစ်သွားတော့ သူမရဲ့ ဒီဒဏ်ရာကို ပြန်သက်သာလာဖို့ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ရလိမ့်မယ်။ ဒ့ါအပြင်၊ သူမက ကုမ္ပဏီနဲ့ နှစ်အတိုဆုံး သုံးနှစ်တာစာချုပ်ကိုပဲ ချုပ်ထားတယ်။ စာချုပ်သက်တမ်း နှစ်နှစ်ကျော်ကျန်သေးပေမယ့် ယိုမိသားစုက သူမကို ဒီအဖြစ်အပျက်အပြီးမှာ စာချုပ်ဖျက်သိမ်းပြီး ဖျော်ဖြေရေးနယ်ပယ်ကနေ နုတ်ထွက်ခိုင်းဖို့ ဖြစ်နိုင်ခြေများတယ်။"
စုယန်ယန်လည်း ဒါကို မျှော်လင့်ထားသည်။
"သနားစရာပဲ။"
ယိုယွီရှစ်သည် ယိုမိသားစု၏ ဒုတိယသခင်မလေးဆိုသည့် သူမရဲ့ နောက်ခံကို မမှီခိုဘဲ ပြိုင်ပွဲ၏ ထိပ်တန်း အယောက်နှစ်ဆယ်စာရင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။ ဒါကိုကြည့်လျှင် သူမသည် သေချာပေါက် အရည်အချင်း ဆိုတာကို ညွှန်ပြနေပါသည်။
အဲဒီမတိုင်ခင်က၊ ရှားကျွင်းရှန့်ထံမှ ယိုယွီရှစ်သည် ဖျော်ဖြေရေးနယ်ပယ်ထဲသို့ အပျော်သဘောမျိုး ဝင်ရောက်လာတာ မဟုတ်ဘဲ အသက်မွေးဝမ်းကြောင်းအလုပ်အဖြစ် အမှန်တကယ် ကြိုးစားလိုသောကြောင့် ဝင်ရောက်လာတာ ဖြစ်ကြောင်းကိုလည်း ကြားသိခဲ့ရပါသည်။