261 01
အပိုင်း (၂၆၁)
"မင်္ဂလာဦးည"
စုယွဲ့ထင်က ဟောက်ချန်ဟွမ်းကို ခဏလောက် စိုက်ကြည့်ရင်း နောက်ဆုံးတွင် ရိုးသားစွာ ရယ်မောလိုက်သည်။
"ငါ မင်းရဲ့ ပင်ကို အကျင့်စရိုက်ကို သဘောကျတယ်။ ယန်ယန်က မျက်စိကောင်းတယ်။ အနည်းဆုံးတော့ သူမက တာဝန်ကျေတဲ့သူမျိုးကို ရွေးထားတာပဲ။ သမီးရဲ့ အန်တီလေးအနေနဲ့ ငါ စိတ်ချနိုင်ပြီ"
ချိန်ရှုချင်နှင့် အခြားသူတွေက သူမ၏ ပြောစကားကို ကြားသောအခါ စိတ်သက်သာရာ ရပြီး အခုမှပဲ သက်ပြင်း ချနိုင်တော့သည်။
"ကလေးတွေက သူတို့ကိုယ်ပိုင် တွေးခေါ်နိုင်စွမ်း ရှိကြတယ်။ လူကြီးတွေ ဝင်ရောက် စွက်ဖက်ဖို့ဆိုတာ မလွယ်ကူဘူး။ အခု ငါတို့ ပြောတာကို အသုံးမဝင်ဘူးလို့ မထင်နဲ့။ နောင်အနာဂတ်မှာ ကောင်းမွန်တဲ့ ဘဝတစ်ခုကို ဘယ်လိုဦးဆောင်ရမလဲ ဆိုတာကို စဉ်းစားပါ"
"ဒါက အမှန်တရားပဲ" စုယွဲ့ထင်က စုယန်ယန်ကို တစ်ချက် ကြည့်လိုက်သည်။
"နင် ဒါကို ကြားတယ်မလား။ နင် လက်ထပ်ပြီးပြီ ဆိုတော့ နင့်ဘဝကို နင်ကိုယ်တိုင် တည်ဆောက် ရတော့မယ်။ နင့်ကြောင့် နင့်မိဘတွေကို စိတ်ပူရအောင် မလုပ်ရဘူး"
"သမီး သိပါပြီ"
အဲ့ဒီ နောက်ပိုင်းမှာတော့ ထိုအမျိုးသမီးတွေ အကြောင်း ဘယ်သူမှ ထပ်မပြောကြတော့ဘူး၊ ဒါပေမယ့် ဒါက ဒီကိစ္စ ပြီးသွားပြီလို့ မဆိုလိုပါဘူး။
ဟောက်ချန်ဟွမ်းက သူတို့ကို ဒေဝါလီ ခံရအောင် မလုပ်ရင်တောင် မစ္စတာစုနှင့် တခြားသူတွေက သူတို့ သမီလေးကို ရောင်းစားတယ်လို့ အတင်းအဖျင်း ပြောတဲ့ အမျိုးသမီးတွေကို သည်းမခံနိုင်ဘူး။ သူတို့သည် ဒီကိစ္စအတွက် အနှေးနှင့် အမြန်ဆိုသလို ပြန်ပေးဆပ်ရမည် ဖြစ်သည်။
ဟောက်ချန်ဟွမ်း၏ ခြိမ်းခြောက်မှုက အလုပ် ဖြစ်ကောင်း ဖြစ်နိုင်သည် သို့မဟုတ် ပင်လယ်ထဲသို့ ပစ်ချခံရပြီး ငါးစာကျွေးခံမှာကို စိုးရိမ်တာကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည် ဒီပြဿနာကို ဆက်လက် လှုံ့ဆော်ရန် ဘယ်သူမှ မစွန့်စားရဲကြတော့ပေ။