အခန်း (၂၀၆)
ယို့ညီအစ်မများ
ရှားကျွင်းရှန့်၏ အမေးကို စုယန်ယန်က ချက်ချင်း ပြန်မဖြေခဲ့ပဲ ဗီဒီယိုကိုသာ အရင်ကြည့်ရန် လှုံ့ဆော်ခဲ့သည်။
ဗီဒီယိုအစတွင် မိန်းကလေး တစ်ဦးက အခြားမိန်းကလေး တစ်ဦးဆီသို့ ပြေးသွားကာ နှစ်ယောက်သား စကားအနည်းငယ ်ပြောပြီးနောက် တစ်ယောက်ကို တစ်ယောက်ကို တွန်းထုတ် လိုက်ကြသည်။
သူတို့၏ လှုပ်ရှားမှုက သိပ်မကြီးပဲ နှစ်ယောက်သား စကားများ ရန်ဖြစ်နေရုံသာ ဖြစ်ပြီး အနည်းငယ် စိုးရိမ်ကြောင့်ကြလျက် ရှိနေပုံရသည်။
အဲ့ဒီ နောက်မှာတော့ ဘေးဘက်မှာ ရပ်ကြည့်နေသည့် မိန်းကလေး အချို့က သူတို့ကို ဝင်ရောက် ဖျန်ဖြေပေးရန် ကြိုးစားကြသည်။ အဲ့ဒီအချိန်မှာ စင်မြင့်ပေါ်မှာ နောက်ကျောပေး ရှိနေသည့် မိန်းကလေး တစ်ယောက်မှာ ရုတ်တရက် စင်မြင့်ပေါ်မှ ပြုတ်ကျသွားခဲ့သည်။
ထို့နောက် စောစောက သူမဆီသို့ ပြေးလွှား စကားများနေသော မိန်းကလေးပါ ခြေလှမ်း ကတိမ်းကပါး ဖြစ်ကာ သူမနှင့်အတူ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။
ကံကောင်း ထောက်မစွာဖြင့် သူမသည် အလွန် အရေးကြီးသည့် အခိုက်အတန့်တွင် သူမကိုယ်သူမ အရှိန် ထိန်းလိုက်နိုင်ပြီး သူမ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မလုပ်နိုင်မီ ရှေ့နောက် ယိမ်းထိုး နေခဲ့သည်။
"သူမရဲ့ လှုပ်ရှားမှုကို ကြည့်ရင် သူမက တစ်ယောက်ယောက်ကို တွန်းလိုက်သလို မဟုတ်ပေမယ့် သူမက ယိုယွီရှစ်နဲ့ တွန်းလိုက်မိသလို ဖြစ်သွားပုံ ရတယ်"
ရှားကျွင်းရှန့်က ခေါင်းညိတ်သည်။ "ဒါရဲ့ နောက်မှာ အပိုင်းတိုတစ်ခု ထပ်ရှိသေးတယ်၊ အဲ့တာကို တခြားကင်မရာနဲ့ ရိုက်မိထားတာ"
စုယန်ယန်သည် သူ့စကားကို ကြားပြီးနောက် ဗီဒီယိုကို ဆက်လက် ကြည့်ရှုခဲ့သည်။ သေချာတာပေါ့၊ တခြား ရှုထောင့်ကနေ၊ ကောင်မလေးတွေက သူတို့နှစ်ယောက်ကို ဆွဲခွာဖို့ ပြေးလာတဲ့အခါမှာ စစ်မုန့်ယွီရဲ့ အနောက်မှ ရပ်နေတဲ့ ဝမ်ကျင့်ဖျင်ကို သူမ မြင်တွေ့လိုက်ရသည်။
