Part 214

1.3K 94 1
                                    

214 01

အခန်း (၂၁၄)

အမျိုးသမီး သုံးယောက်၊ ကစားပွဲ တစ်ခု

စစ်မုန့်ယွီ စကားတစ်ခွန်း ပြောတိုင်း၊ ဝမ်ကျင့်ဖျင်၏ မျက်နှာမှာ ဖြူဖျော့လာသည်။

ယိုယွီရှစ်က စကားတစ်ခွန်းမှ ဝင်မပြောပဲ မနေနိုင်တော့ပေ။

"နင် ဘာလို့ အရေးမပါတဲ့ စကားတွေကို လျှောက်ပြောနေတာလဲ။ ငါ သူမကို ဘယ်တုန်းက ပြဿနာ ရှာခဲ့ဖူးလို့လဲ။ ငါ သူမကို ခွဲခြားဆက်ဆံဖို့ တခြားသူတွေကို စည်းရုံးခဲ့ပြီး သူမကို ထုတ်ပယ်ဖို့ ထုတ်လုပ်ရေး အဖွဲ့နဲ့ ပူးပေါင်းခဲ့တယ် ဟုတ်လား"

သူတို့ပါဝင်ခဲ့တဲ့ စွမ်းရည်မျိုးစုံ အစီအစဉ်မှာ အကြိုပြိုင်ပွဲတွေ၊ ပဏာမအချီ၊ အယောက် ၁၀၀ ကနေ အယောက် ၆၀၊ အယောက် ၆၀ ကနေ အယောက် ၂၀ အထိ ပြိုင်ပွဲပုံစံတွေက ရိုးရှင်းပေမယ့် ရက်စက်ကြမ်းကြုတ်တယ်။

ပြိုင်ပွဲဝင် ဦးရေများပြားလွန်းပြီး အချိန်အကန့်အသတ် ရှိ‌သောကြောင့် အခြေခံအားဖြင့် အသင်းလိုက် ယှဉ်ပြိုင်မှုပုံစံကို လက်ခံထားသည်။

အစပိုင်းတွင်၊ အစီအစဉ်ရှိုးက သတ်မှတ်ပေးတဲ့ အဖွဲ့ဖြစ်ပြီး၊ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကိုယ့်စိတ်ကြိုက် အဖွဲ့ စီစဉ်နိုင်သည်။

အသင်းဖော်များ၏ အကောင်း၊ အဆိုးရလဒ်ကလည်း အတိုင်းအတာ တစ်ခုအထိ ကိုယ့်ရလဒ်ပေါ် မူတည်တယ်။ ဝမ်ကျင့်ဖျင်၏ ရုပ်ရည်က သာမန်ကျပြီး သူမ၏ အရည်အချင်းကလည်း သိပ်မကောင်းချေ။ ပြတ်ပြတ်သားသား ပြောရလျှင်၊ သူမသည် အဟန့်အတားတစ်ခု ဖြစ်နေသည်။

အုပ်စုများ ကွဲသွားသောအခါတွင် သူမသည် နောက်ကျ ကျန်ရစ်လေ့ရှိသည်။ လူနည်းစုက သူမနှင့် တစ်အုပ်စုတည်း ရှိနေလျှင် သူတို့ပါ ဆွဲချခံရမှာကို ကြောက်ကြသည်။

နောက်ဆုံး၌ ယိုယွီရှစ်သည် ဝမ်ကျင့်ဖျင်၏ စွမ်းရည်ကြောင့် ဖြစ်ရသည့် ပြဿနာအတွက် အပြစ်တင် ခံခဲ့ရသည်။

ယိုယွီရှစ်သည် ဝမ်ကျင့်ဖျင်ကို ရွံ့ရှာသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Where stories live. Discover now