Part 257

1.1K 97 0
                                    

257 01

အခန်း (၂၅၇)

သူမတို့နောက်ကွယ်မှာ လူတွေက မကောင်းကြောင်း ပြောကြသည်

"ဟိုကိစ္စကြောင့် မဟုတ်ဘူးလား။ အရင်တုန်းက သူတို့နဲ့ စုမိသားစုတို့ သဘောထား ကွဲလွဲမှုအချို့ ရှိခဲ့တယ်လေ၊ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒီလို ပျော်စရာကောင်းတဲ့ ကိစ္စမျိုးမှာ သူ့အစ်ကိုကို ဖယ်ထုတ် ထားတာတော့ မကောင်းပါဘူး။ သခင်ကြီးဟောက်တို့ ဇနီးမောင်နှံ ကွယ်လွန်သွားပြီးတဲ့ နောက်မှာ သူ့ကို ကြီးပြင်းလာအောင် စောင့်ရှောက် ပေးခဲ့တာ ဒီအစ်ကိုပဲ မဟုတ်လား။ အခု သူ ကြီးပြင်း လာတာနဲ့ သူက ရန်လိုတတ်လာတယ်။ ဘယ်လောက် စိတ်ပျက်ဖို့ ကောင်းလိုက်သလဲ"

အတင်းအဖျင်း ပြောသူများသည် ဟောက်ချန်ဟွမ်းကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး ကျေးဇူးကန်းသူလို့ပင် ပြောဆိုလုနီးပါး ဖြစ်နေကြသည်။

"အဲ့တာကို တွေးကြည့်တော့ မစ်စုက တကယ် ရယ်ရတာပဲ။ သူမကို ဟောက်သခင်လေးက ငြင်းပယ်ခဲ့တော့ အခု သူမက သခင်ဟောက်နဲ့ စေ့လိုက်တယ်။ သူမ ဘာလိုချင်တယ်လို့ နင်တို့ ထင်လဲ"

"ဒါက လက်စားချေဖို့ သက်သက်ပဲ မဟုတ်လား။ သခင်လေးဟောက်က အပြင်မှာ ရည်စားရှိလို့ သူတို့ စေ့စပ်ပွဲ ပျက်သွားတာ နင်တို့ မသိကြဘူးလား။ သူက အချစ်စစ်ကို ရှာတွေ့ သွားတယ်လို့ ပြောတယ်လေ၊ သူ့မိသားစု နောက်ခံက စုမိသားစုထက် ပိုကောင်းတယ်။ သူက သူ့မာနကို အထိခိုက်ခံပြီး သူ မကြိုက်နှစ်သက်တဲ့ မိန်းကလေးနဲ့ ဘယ်လိုလုပ်ပြီး အတူရှိချင်မှာလဲ"

တစ်စုံတစ်ယောက်က ထိုစကားကို ကြားသောအခါ စိတ်မသက်မသာ ဖြစ်စွာ မျက်မှောင်ကြုတ် သွားသည်။

"အရင်ကတည်းက စေ့စပ်ကြောင်းလမ်းတဲ့ ကတိကဝတ် ပေးထားပြီးသား။ သခင်လေးဟောက်က သူမကို မကြိုက်ဘူး ဆိုရင်တောင် သူက အရင်ဆုံး သူမနဲ့ စေ့စပ်ကြောင်းလမ်း ထားတာ ဖျက်သိမ်းပြီးမှ အခြားတစ်ယောက်ကို ရှာသင့်တယ်။ သူက နောက်ကွယ်မှာ စေ့စပ်ကြောင်းလမ်းတာကို မဖျက်သိမ်းပဲ လူအများ ရှေ့မှာမှ စေ့စပ်ကြောင်းလမ်းတာကို ဖျက်သိမ်းကြောင်း ကြော်ငြာတာ။ ဘာပဲဖြစ်ဖြစ်..."

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Donde viven las historias. Descúbrelo ahora