Part 204

1K 77 0
                                    

အခန်း (၂၀၄) – စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု

စုယန်ယန်သည် တစ်ခဏမျှ စဉ်းစားချင့်ချိန်ပြီးနောက် မေးလိုက်သည်။

"သူတို့နှစ်ယောက်က စင်ပေါ်မှာ စကားများ ရန်ဖြစ်တာလား"

"ဟုတ်တယ်၊ ဒါပေမယ့် ရိုက်ကူးနေချိန် ဖြစ်တာ မဟုတ်ဘူး။ ရိုက်ကူးရေးပြီးမှ သူတို့ စကားများ ရန်ဖြစ်ကြတာ"

စုယန်ယန်က အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်ပြီး ညည်းညူ လိုက်သည်။

"အဲ့ဒီအချိန်တုန်းက ရိုက်ကွင်းမှာ ကင်မရာတွေက မှတ်တမ်း တင်နေတုန်းလား။ ဒါမှမဟုတ် စီစီတီဗီ မှတ်တမ်းရော ရှိလား"

"ရှိလိမ့်မယ်။ အစ်ကို အဲ့တာကို စစ်ဆေးကြည့်ရှုဖို့ စီစဉ်နေပြီ"

အဆုံး၌ သူတို့ ကုမ္ပဏီမှာ ဒီအစီအစဉ်ရှိုးတွင် ရင်းနှီးမြှုပ်နှံ ထားသောကြောင့် စောင့်ကြည့်ရေး ဗီဒီယိုမှတ်တမ်း ရယူတာက ပြဿနာ မဖြစ်သင့်ပေ။

ထို့အပြင် သူတို့ရဲ့ အနုပညာရှင်ထံမှာ ကိစ္စတစ်ခုခု ဖြစ်သွားခဲ့သည်၊ ဒါ့ကြောင့် အစီအစဉ် ရိုက်ကူးရေးအဖွဲ့မှ သူတို့အား ဖြေရှင်းချက် တစ်ခုခု ပေးသင့်သည်။

"အစ်ကို စောင့်ကြည့်ရေး ဗီဒီယိုမှတ်တမ်း ရလာတဲ့အခါ ညီမကို ဗီဒီယိုမိတ္တူတစ်ခု ပို့ပေးပါဦး၊ ဝမ်ကျင့်ဖျင်ရဲ့ အမြင်ကနေ ရရင် ပိုကောင်းမယ်"

စုယန်ယန်က ဒီလို တောင်းဆိုမှုကို ပြုလုပ်လိုက်သည့်အခါ ရှားကျွင်းရှန့်သည် မသင်္ကာစရာ ကောင်းသည့် တစ်ခုခု ရှိသလို ခံစားလိုက်ရသည်။

"ကောင်းပြီ၊ အစ်ကို တတ်နိုင်သမျှ အမြန်ဆုံးရအောင် လုပ်ပေးမယ်"

"ဟုတ်"

စုယန်ယန် ပြန်ဖြေသည်။ အချိန်အတော် ကြာအောင် ဘာမှ မကြားရတော့ သူမ အနည်းငယ် မျက်မှောင်ကြုတ် သွားခဲ့သည်။ စုယန်ယန်က သူ့ကို မေးသည်။

"တခြား ဘာပြောစရာ ရှိသေးလဲ၊"

"ယိုယွီရှစ်က ဆေးရုံတင်ထားရတယ်။ ညီမလေး သူ့ကို သတင်းသွားမေးချင်လား"

ရှားကျွင်းရှန့်၏ စကားကို ကြားကြားချင်း စုယန်ယန်၏ ပထမဆုံး အတွေးကား 'ဒီအနုပညာရှင်ရဲ့ နောက်ခံက ဘာလဲ။ သူမ ဆေးရုံတက် နေရတာကြောင့် သူဌေးက သူမကို ကိုယ်တိုင်ကိုယ်ကျ လူနာသတင်း သွားမေးဖို့ လိုအပ်လို့လား'

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Where stories live. Discover now