236 01
အခန်း (၂၃၆)
ဘယ်လိုတောင် မွှေးရပါသလဲ
ထို့နောက် သိပ်မကြာခင်မှာပင် စားသောက်ဆိုင် တစ်ခုလုံး လူပြည့်သွားကြသည်။
ဝမ့်ယန်၏ နောက်ကျော စားပွဲဝိုင်းတွင် မြေးအဘိုး နှစ်ယောက် ထိုင်နေသည်။ အဘိုးဖြစ်သူက မြေးဖြစ်သူကို ဒီစားသောက်ဆိုင်က အစားအသောက်တွေကို စိတ်ကြိုက် မှာယူခွင့် မပြုတဲ့အပြင် စျေးအရမ်းကြီးတာကြောင့် မကျေမနပ် ညည်းညူပြောဆိုနေသည်။
သူ့မြေးမလေးက စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုသည့် ပရိသတ်လေး ဖြစ်နိုင်သည်။ သူမလေးက သူမလေး၏ အဘိုးကို ဒီကို ခေါ်လာရသည့် အကြောင်းရင်းက ဆေးဖက်ဝင် ဟင်းလျာ ဆိုတာက လူတစ်ယောက်၏ ကျန်းမာရေးကို တကယ် အကျိုးပြုသလား ဆိုတာကို သိချင်၍ သူမအဘိုး၏ နာတာရှည် ဒူလာရောဂါကို ပျောက်ကင်း နိုင်မလားလို့ ဒီကို ခေါ်လာခဲ့ခြင်း ဖြစ်လေသည်။
"အဘိုး၊ စိတ်မဆိုးပါနဲ့။ ဒီစားသောက်ဆိုင်က သမီး အကြိုက်ဆုံး တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သူ တစ်ဦး ဖွင့်ထားတာပါ။ အင်တာနက်ပေါ်မှာ သူမရဲ့ ဟင်းချက်လက်ရာကို သမီး မြည်းစမ်းကြည့်ဖူးတယ်၊ ဟင်းပွဲတွေက အရမ်း အရသာရှိတယ်။ ဒါ့အပြင်၊ သူ့ဟင်းပွဲတွေရဲ့ လူတစ်ဦးရဲ့ ခန္ဓာကိုယ်ကို အကျိုးပြုစေနိုင်စွမ်း ရှိတယ်။ သူမ ကံစမ်းမဲဖောက်ပေးတဲ့ အစီအစဉ်မှာ ကံထူးရှင် တော်တော်များများက အဲ့ဒီဟင်းပွဲတွေက တကယ်ပဲ အကျိုးအာနိသင် ရှိတယ်လို့ ပြောကြတယ်"
သူ့အဘိုး ဖြစ်သူကို မယုံကြည်နိုင်သေးတာကို မြင်တော့ ကောင်မလေး သူမလက်နှစ်ဖက်ကို ပူးပြီး တောင်းပန်ခယ လိုက်သည်၊
"ဒီတစ်ကြိမ်လောက် စမ်းစားကြည့် ရအောင်ပါနော်။ ဒါက အရသာ မကောင်းဘူးဆိုရင် သမီးတို့ နောက်တစ်ခါ ထပ်မလာတော့ဘူးလေ။ အခု အဘိုးလည်း မြင်သားပဲ။ သူတို့က အဘိုးရဲ့ ခြေထောက်က အမြဲတမ်း အေးစက်နေပြီး ဒူလာရောဂါ ရှိတာကို သူတို့ ပြောနိုင်တယ်။ အဲ့တာက တကယ် အကျိုးသက်ရောက်မှု ရှိတာလည်း ဖြစ်နိုင်တာပဲမလား"
