Part 210

1.1K 86 0
                                    

အခန်း (၂၁၀)

သေခြင်းတရားကို ပြေးလွှားရှာဖွေခြင်း

ဆေးရုံမှ ထွက်လာသောအခါ ရှားကျွင်းရှန့်သည် စုယန်ယန်အား မမေးပဲ မနေနိုင်တော့ပေ။

"သူတို့ ကောင်းကောင်း ကိုင်တွယ်နိုင်လိမ့်မယ်လို့ ညီမလေး တကယ်ထင်လား"

"အစ်ကို တစ်စုံတစ်ဦးကို အသုံးပြုရင် သူတို့ကို သံသယ မဝင်နဲ့။ တကယ်လို့ အစ်ကို တစ်စုံတစ်ဦးကို သံသယ ရှိတယ်ဆိုရင် သူတို့ကို အသုံးမပြုနဲ့။ ယိုယွီရှစ် တစ်ယောက်တည်းဆို မဖြစ်နိုင်ဘူး၊ ဒါပေမယ့် သူ့အစ်မက အားကောင်းတဲ့ လူမျိုးပဲ၊ ဝမ်ကျင့်ဖျင်က ယိုကျင်းယွီထံကနေ ဘယ်အရာကိုမှ ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး။ ခဏစောင့်ကြည့်လိုက်၊ သူတို့က ညီမတို့ မျှော်မှန်း ထားတာထက်တောင် ပိုကောင်းအောင် လုပ်နိုင်လိမ့်မယ်။ သူမအနားမှာသာရှိရင် ယိုယွီရှစ်ကို ဒုက္ခရောက်အောင် လုပ်ဖို့ မဖြစ်နိုင်ဘူး"

စုယန်ယန်သည် ထိုသို့ ပြောပြီးသည်နှင့် သူမ မျက်လုံးများကို မှိတ်လိုက်သည်။ အခု သူမ စဉ်းစားမိသည်မှာ ဝမ်ကျင့်ဖျင် ဆေးရုံကို ရောက်သွားသည်မှာ တိုက်ဆိုင်မှု တစ်ခုပင်။

ဒီနေ့ အခြေအနေအပေါ် အခြေခံ၍ စဉ်းစားကြည့်မယ်ဆိုရင် သူမက ယိုကျင်းယွီ မရောက်ခင် ယိုယွီရှစ်ထံ ရောက်သွားတာ ဖြစ်မည်။ ဒီလိုမှ မဟုတ်လျှင် သူမမှာ ဒီလိုလူအုပ်ကြီးကို ဇာတ်ကွက်တစ်ခု ဖန်တီးဖို့ ဆေးရုံဝန်းထဲ ဆွဲခေါ်လာနိုင်မှာ မဟုတ်ဘူး။

ဒီလိုမျိုး တွေးရတာ စိတ်ဝင်စားဖို့ ကောင်းတယ်။ ယိုကျင်းယွီက ညီမဖြစ်သူ ဆေးရုံတက်ရတယ်လို့ သတင်းတောင် မရသေးဘူး၊ ဒါပေမယ့် ဝမ်ကျင့်ဖျင်ကတော့ သတင်းထောက်အုပ်ကြီးကို ဦးဆောင်ပြီး ဆေးရုံသို့ တောင်းပန်ဖို့ ရောက်လာခဲ့သည်။ ဘယ်လိုပဲကြည့်ကြည့် ဒါက သူမ ကြိုတင်ပြင်ဆင် ထားပုံရသည်။

ကံမကောင်းစွာပင် သူမသည် သက်သေ အထောက်အထားများကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်သည့်အပြင် သူမတို့ အသံသွင်း စတူဒီယိုမှာ ဖြစ်ပျက်ခဲ့သည့် သတင်း အကုန်လုံး ယိုကျင်းယွီ၏ နားထဲသို့ ရောက်ရှိသွားခဲ့ပြီး ဖြစ်သည်။

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Where stories live. Discover now