Part 232

1.1K 86 1
                                    

 232 01

အခန်း (၂၃၂)

နင့်ကလေးကို နင်ကိုယ်တိုင် ပြုစုပျိုးထောင်သင့်တယ်

"အဟမ်း... သမီး သေချာပေါက် အိမ်ပြန်လာမှာပေါ့။ သမီး နေ့တိုင်း အိမ်မပြန်လာဖြစ်ရင်တောင် သမီးက တစ်မြို့တည်းမှာပဲ ရှိနေမှာလေ။ သမီးတို့ မွေးရပ်မြေမှာထက် ဒီမှာ ရှိနေတာက ပိုကောင်းလိမ့်မယ်"

ချိန်ရှုချင်က နှာခေါင်းရှုံ့သည်။ သူမသည် ဒီအဖြေအတွက် အထူးပင် စိတ်ကျေနပ်မှု မရှိသော်လည်း ဤအကြောင်းအရာနှင့် ပတ်သက်၍ သူမ ဆက်မပြောတော့ပေ။

"ဟုတ်ပါပြီ။ နင် သိပ်မကြာခင်မှာ ဆေးဖက်ဝင် ဟင်းလျာဆိုင်ဖွင့်ဖို့ လုပ်နေတာ မဟုတ်ဘူးလား။ အဲ့အချိန်ကျရင် နင့်အန်တီလေးအတွက် ဟင်းတစ်ပွဲလောက် ပိုချက်ပြုတ်ဖို့ အဆင်ပြေတာပဲ"

ချိန်ရှုချင်၏ စကားများက ဆေးရုံမှ မထွက်ခွာမီ၊ ချိန်ကျွင်းဟောက်အား လွန်ခဲ့သော တစ်လခန့်က စုယန်ယန် သူတို့အတွက် ချက်ပြုတ်ပေးသည့် ဆေးဖက်ဝင် ဟင်းလျာများအား အကျိုးသက်ရောက်မှုအား အမှတ်ရသွားစေသည်။

ချိန်ကျွင်းဟောက်သည် ဒီကိစ္စနှင့် ပတ်သက်၍ သံသယများစွာ ရှိနေသေးသော်လည်း သူ့ဇနီးမှာ ကိုယ်ဝန် ရှိနေတယ် ဆိုတာက ငြင်းလို့ မရပါဘူး။ သူ့တူမလေး၏ ဆေးဖက်ဝင် ဟင်းလျာတွေက တကယ်ပဲ အကျိုးသက်ရောက်မှု ရှိနိုင်ပါ့မလား။

"အမေပြောတာ မှန်တယ်။ အန်တီလေး၊ အိမ်မှာပဲ နေပြီး ကလေးလေး တည်ငြိမ်တဲ့အထိ စောင့်နေပါ"

ချိန်ကျွင်းဟောက်သည် ချင်ရွယ်ရူ၏ ခန္ဓာကိုယ်အတွက် စိတ်ပူပန်သွားပြီး အနည်းငယ် မျက်မှောင်ကြုတ်ကာ ဖျောင်းဖျသည်၊

"အစ်မကလည်း ဒီလို ပြောလို့ ကိုယ်တို့ ဒီမှာပဲ ခဏလောက် ဆက်နေကြရအောင်။ ယန်ယန်ရဲ့ ဆိုင်မှာ ကိုယ်လည်း ရင်းနှီးမြှုပ်နှံ ထားတယ်။ ဒါ့ကြောင့် ကိုယ့်ကို ပိုက်ဆံ နည်းနည်းလောက် ပြန်ရအောင် ကူညီတယ်လို့ သဘောထားပေး။ ကိုယ့်ကို ဆုံးရှုံးသွားရအောင် မလုပ်နဲ့"

ဒါကိုကြားတော့ စုယန်ယန်က ဒေါသလည်းထွက်ချင် ရယ်လည်းရယ်ချင် ဖြစ်ကာ "ဒါဆို၊ အန်ကယ်လေးက အဲ့လို စဉ်းစားနေတာပေါ့။ အန်တီလေး တစ်သက်လုံး ဒါတွေကိုပဲ စားနေရမှာကို သမီး စိုးရိမ်မိတယ်"

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Where stories live. Discover now