215 01
အခန်း (၂၁၅)
ငါက ပြန်တိုက်ခိုက်ရုံပါပဲ
ဝမ်ကျင့်ဖျင်၏ မျက်နှာဟာ ဖြူဖျော့သွားသည်။ သူမ စီစဉ်ထားသော ထောင်ချောက်ကို သူမကိုယ်တိုင် ပြန်မိလိမ့်မည်လို့ သူမ လုံးဝ မထင်ခဲ့ပေ။
"မုန့်ယွီ"
စစ်မုန့်ယွီသည် ဝမ်ကျင့်ဖျင်၏ မခံချိမခံသာ ဖြစ်နေသာ မျက်လုံးတွေကို ကြည့်ကာ ဝမ်းသာ၊ ဝမ်းနည်း နှစ်ခုစလုံး ခံစားလိုက်ရသည်။ သူမ၏ နှလုံးသားထဲမှာ အနည်းငယ် ကျန်ရှိနေသည့် သံယောဇဉ် လက်ကျန်လေးဟာ နောက်ဆုံး၌ လုံးဝ ပျောက်ကွယ် သွားသည်။
"ကျွန်မက ဝမ်ကျင့်ဖျင်နဲ့ ဆက်ဆံရေး ကောင်းရှိခဲ့တယ်၊ အစောပိုင်းက ပြောခဲ့သလိုပဲ၊ သူမက ကျွန်မကို အကြိမ်အနည်းငယ် ကြိုတင်ပြီး ဦးနှောက် ဆေးထားခဲ့ပါတယ်။ စင်ပေါ်မှာ ယို့မိန်းကလေးက အဲ့လို ပြောနေတာကို တွေ့လိုက်ရတော့၊ ကျွန်မ ခေါင်းတွေ ပူထူသွားတယ်၊ ပထမဆုံး ကျွန်မစိတ်ထဲ ပေါ်လာတာက သူမက ဝမ်ကျင့်ဖျင်ကို တမင်သက်သက် အနိုင်ကျင့် အရှက်ခွဲဖို့ လုပ်တယ်လို့ ထင်လိုက်မိတယ်၊ အဲ့တာကြောင့် ကျွန်မ စင်ပေါ်ကို တက်သွားပြီး သူမနဲ့ စကားများ ရန်ဖြစ်ခဲ့ကြတယ်။ နောက်ပိုင်း ကျွန်မတို့ စကားရန်ဖြစ်တဲ့ အရှိန်ရလာပြီး လက်ပါလာခဲ့ကြတယ်"
စစ်မုန်ယွီက ဤသို့ ပြောလိုက်ခြင်းကြောင့် သတင်းထောက် တစ်ယောက်က မေးခွန်းမထုတ်ပဲ မနေနိုင်တော့ပေ။
"မင်းက ဝမ်မိန်းကလေးနဲ့ ဆက်ဆံရေးကောင်း ရှိတယ်လို့ ပြောတယ်နော်၊ အခု ဘာဖြစ်လို့ သူမကို တိုက်ခိုက် နေရတာပါလဲ"
စစ်မုန့်ယွီသည် ဒီသတင်းထောက်က ပြဿနာကို ပိုကြီးမားအောင် လှုံ့ဆော်ပေးဖို့ ကြိုးပမ်းနေမှန်းကို သိပေမယ့် သူမ မကြောက်ခဲ့ပေ။ သူမက ရိုးရိုးရှင်းရှင်း အဖြေပြန်ပေးခဲ့သည်။
"ရှင် အမြဲတမ်း ရိုးရိုးသားသား ဆက်ဆံပေးဖူးတဲ့ လူက ရှင့်ကို အသုံးချခဲ့တယ်၊ ရှင့်ကို အသုံးချပြီး ဖျက်ဆီးချင်နေတာကို ရှင် သိသွားတဲ့အခါ ရှင် ဘယ်လိုလုပ်မလဲ။ ကျွန်မက သူမကို တိုက်ခိုက်နေတာ မဟုတ်ဘူး။ ကျွန်မက လက်တုံ့ပြန်နေရုံပါပဲ"
