အခန်း (၃၀၇)
- အနုပညာရှင်သုံးယောက်
ဟောက်ချန်ဟွမ်း၏ နှစ်သိမ့်စကားများက စုယန်ယန်၏ စိတ်ကို ငြိမ်သက်သွားစေသော်လည်း သူမ ချက်ချင်း ကောက်ချက် မချနိုင်ခဲ့ပေ။
ယဲ့ချီလျန့်၏ အဆိုပြုချက်ကို သူမ သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ၊ အဆုံးတွင် သူမ သဘောတူခဲ့လျှင်ပင် သူမ မေးသင့်မေးထိုက်သည့် အရာများကို စဉ်းစားထားသင့်သည်။
နောက်တစ်နေ့နံနက်တွင် စုယန်ယန်သည် အိပ်ရာစောစောနိုးသဖြင့် တုန်ချမ်းသို့ သွားရောက်ရန် စီစဥ်ခဲ့သည်။
"အရင်က ရသစုံအစီအစဉ် ပြီးသွားပြီလား။"
"ဟုတ်ပါတယ်၊ ဒီသောကြာနေ့ကပဲ ပြီးသွားတယ်။" ရှားကျွင်းရှန့်သည် စုယန်ယန်ရဲ့ ရုံးခန်းထဲသို့ လိုက်ပါသွားပြီး အဲဒီကာလအတွင်း ကုမ္ပဏီမှာ ဖြစ်ပျက်ခဲ့သော အကြောင်းအရာတချို့ကို အကျဉ်းချုံး တင်ပြခဲ့သည်။
"နောက်ဆုံးအဆင့်အထိ အနုပညာရှင် ခုနစ်ယောက် တက်ရောက်နိုင်ခဲ့ပြီး သုံးယောက်က အစ်ကိုတို့ ကုမ္ပဏီကပါ။"
စုယန်ယန်သည် ဆုံလည်ကုလားထိုင်ပေါ်တွင် ထိုင်ပြီး လှည့်ကြည့်လိုက်သည်။ သူမက စူးစမ်းချင်စိတ်ပြင်းပြစွာ မေးလိုက်မိသည်၊ "ညီမတို့ကုမ္ပဏီက အနုပညာရှင် သုံးယောက်လား။ သူတို့က ဘယ်သူတွေလဲ။"
"သူတို့တွေက ကျန့်ချိုးယင်း၊ ဟွမ်းကျစ်ထုံနဲ့ ယွင်လောင်ရှန်းတို့ပဲ။"
"ယွင်လောင်ရှန်းလား။ အဲ့ကောင်မလေးက ယိုယွီရှစ်ရဲ့ဘေးနားမှာ တွေ့တဲ့ တစ်ယောက်မလား။" ဟု စုယန်ယန်က မျက်ခုံးပင့်ကာ မေးလိုက်သည်။
အကယ်၍ သူမ မှားယွင်းစွာ မှတ်မိခဲ့ခြင်း မဟုတ်ပါက ထိုမိန်းကလေးသည် ထိုအချိန်က သူမအား ဝမ်ကျင့်ဖျင် တွန်းချခြင်း မခံရမီ အဆင့် ၂၀ တွင် ရပ်တည်နေခဲ့ခြင်း ဖြစ်သည်။
အချိန် ဘယ်လောက်ကြာသေးလို့လဲ။ သူမက အရမ်းတိုးတက်သွားပြီလား။
"သူမရဲ့ အရည်အချင်းက ဘယ်လိုလဲ။"
"သူမက သီချင်းဆို အရမ်းကောင်းတယ်။ သူမရဲ့ အသံက အလွန်စွဲထင်စေနိုင်ပြီး သူမက အလွန်တည်ငြိမ်တယ်။ သူမက အကတော့ သိပ်မကျွမ်းကျင်ဘူး။" ရှားကျွင်းရှန့်သည် ထိုမိန်းကလေးက အဆုံးအထိ နေနိုင်ခဲ့သည့်အတွက် အံ့အားသင့်ခဲ့ရသည်။