Part 309

227 25 0
                                    


အခန်း (၃၀၉)

- သူတို့ကို သတင်းကြီးတစ်ခု ပေးပို့ခြင်း

"စုံတွဲလား။" စုယန်ယန်သည် လူနှစ်ယောက်ကို ချက်ချင်းပင် တွေးလိုက်မိပြီး သူမရဲ့ မျက်နှာအမူအရာဟာ မည်းမှောင်သွားခဲ့သည်။

အလှည့်အပြောင်းတွေ အများကြီး ဖြစ်ပျက်ခဲ့ပြီးနောက် သူမသည် မူရင်းဇာတ်ကြောင်းအတိုင်း ပြန်ရောက်သွားခဲ့တာလား။ ဒါပေပယ့် ဒီတစ်ခါတော့...

အမျိုးသမီးအတွင်းရေးမှုး၏ စကားကိုကြားသောအခါ ရှားကျွင်းရှန့်တစ်ယောက် မျက်မှောင်ကြုတ်သွားပြီး ပြင်းပြင်းထန်ထန် မကျေမနပ် ပြောလိုက်သည်၊ "မင်း သူတို့လိုချင်တာမှန်သမျှ လုပ်ခွင့်ပေးမှာလား။ ငါ အရင်က မင်းကို ဘာပြောခဲ့လဲ။ အပြင်လူတွေက ဥက္ကဌစုကို တွေ့ချင်ရင် ရက်ချိန်း ကြိုတင်ယူရမယ်။ ငါတို့ရဲ့ ကုမ္ပဏီက ဖျော်ဖြေရေးကုမ္ပဏီတစ်ခုပဲ။ မသိတဲ့လူမျိုးကို ရှောင်တခင် ဘယ်လိုလုပ်ပြီး ခွင့်ပြုရမလဲ၊ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ အဲဒီလူနှစ်ယောက်က ဒီမှာ ပြဿနာရှာဖို့ သတ္တိရှိရင် လုံခြုံရေးဝန်ထမ်းတွေကို နှင်ထုတ်ခိုင်းလိုက်ပါ။"

"ဒါပေမယ့်..." အမျိုးသမီးအတွင်းရေးမှုးက စိတ်ညစ်နေပုံရသည်။ "ဒါပေမယ့် အဲဒီလူနှစ်ယောက်က ဥက္ကဌစုကိုသိပြီး ဥက္ကဌစုရဲ့ သူငယ်ချင်းတွေလို့ ပြောတယ်။ သူတို့က ကျွန်မကို ဥက္ကဌစုဆီ သတင်းမပို့ပေးရင် သူတို့က ကျွန်မကို အလုပ်ထုတ်ဖို့ ဥက္ကဌစုကို ပြောလိုက်မယ်လို့တောင် ခြိမ်းခြောက်လိုက်သေးတယ်။"

စုယန်ယန်က ခက်ညစ်ညစ်ပြုံးလိုက်ပြီး "ဒီလို မာနကြီးတဲ့ သူငယ်ချင်းကို ငါ့မှာရှိမှန်း ငါကိုယ်တိုင်တောင် မသိဘူး။ သူတို့ရဲ့ နာမည်တွေကိုရော ပြောလိုက်သေးလား။"

"ဟုတ်၊ ဟုတ်၊ အဲဒီလူရဲ့ မျိုးရိုးနာမည်က ဟောက်လို့ ပြောပါတယ်။"

"ဟမ့်..." ဖြစ်နိုင်တာက...

ရှားကျွင်းရှန့်သည် စုယန်ယန်ကို မသိစိတ်အရ ပိုင်းခြားဝေဖန်တတ်သော အမူအရာဖြင့် တစ်ချက်လှမ်းကြည့်လိုက်မိသည်။

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Where stories live. Discover now