207 01
အခန်း (၂၀၇)
ယုန်ဖြူလေးနှင့် ရဲရဲတောက် ခြင်္သေ့မ
ညီအစ်မ နှစ်ယောက်အပြင် ကုတင်၏ တစ်ဖက်ခြမ်းတွင် ယိုယွီရှစ်ထက် ငယ်သော မိန်းကလေးတစ်ဦး ရပ်နေခဲ့သည်။ သူမ၏ မျက်ဝန်းများက နီရဲနေပြီး ယုန်ဖြူလေး တစ်ကောင်နှင့် တူသည်။
စုယန်ယန်သည် သူမ ဒီကို မလာမီ ကုမ္ပဏီမှ ပြုစုထားသော အနုပညာရှင်များ၏ အချက်အလက်တွေကို ဖတ်ရှုခဲ့ပြီး ဒီကောင်မလေးဟာ ဝမ်ကျင့်ဖျင် အစီအစဉ်သို့ ဖြတ်လမ်းနည်းဖြင့် ပြန်လည် ဝင်ရောက် လာသောကြောင့် ထုတ်ပယ် ခံလိုက်ရသည့် ကံဆိုးသူမလေး ယွင်လောင်ရှန်း ဖြစ်မှန်း မြင်လိုက်သည်နှင့် သိရှိခဲ့သည်။
အချက်အလက်တွေအရ ဒီကောင်မလေးဟာ ဒီအစီအစဉ်တွင် အသက်အငယ်ဆုံး ပြိုင်ပွဲဝင်ဖြစ်ပြီး သူမသည် တခြားပြိုင်ပွဲဝင်တွေထက် နုပျိုပြီး သိမ်မွေ့သည့် စိတ်နေစိတ်ထားကြောင့် သူမမှာ အနိုင်ကျင့်ဖို့ လွယ်ကူတဲ့ ပစ်မှတ်လေး ဖြစ်လာစေခဲ့သည်။
စုယန်ယန်သည် သူမတို့ သုံးဦးကို တစ်ဦးချင်း သေချာ ကြည့်ရှုပြီးနောက် နောက်ဆုံး၌ သူမ အကြည့်တွေကို ယို့ကျင်းယွီထံမှ ကျောက်ချလိုက်သည်။
"မင်္ဂလာပါ ဥက္ကဌယို့၊ ကျွန်မက တုန်ချမ်းအင်တာတိန်းမန့်ရဲ့ လက်ရှိ တာဝန်ခံပါ။ ကျွန်မရဲ့ မျိုးရိုးနာမည်က စုပါ"
ယိုကျင်းယွီက သူမကို လက်ဆွဲနှုတ်ဆက်ဖို့ ကမ်းလာသည့် စုယန်ယန် လက်ကို တစ်ချက်ကြည့်ပြီး မငြင်းဆန်ခဲ့ပေ။ ယိုကျင်းယွီက သူမလက်ကို မြှောက်ပြီး စုယန်ယန်နှင့် လက်ဆွဲ နှုတ်ဆက်ခဲ့သည်။
"ဥက္ကဌစု၊ ကျွန်မ ရှင့်အကြောင်းကို ကြားဖူးပါတယ်"
"ယွီရှစ် အလုပ်မှာ ထိခိုက်ဒဏ်ရာ ရသွားတဲ့အတွက် ကျွန်မ စိတ်မကောင်းပါဘူး"
ယိုကျင်းယွီသည် စုယန်ယန်နှင့် စကားအလှ တန်ဆာဆင်ပြီး ပြောဖို့ စိတ်ဝင်စားပုံ မပေါ်ပဲ လိုရင်းကိုသာ တည့်တည့် သွားခဲ့သည်။
"စိတ်မကောင်းဘူးဆိုတော့ ဥက္ကဌစုက ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်း ရှိလို့လား"