Part 260

1K 101 0
                                    

260 01

အခန်း (၂၆၀)

ယန်ယန်နဲ့ ပတ်သက်တဲ့ ဘယ်ကိစ္စမဆို အရေးကြီးတယ်

ထိုစကားကို ကြားလိုက်သည့်အခါ ထိုလူများ သူတို့၏ကျောရိုးတစ်လျှောက်‌ အေးခဲသွားသလို ခံစားလိုက်ရသည်။

"ငါတို့ကို အပုတ်မချနဲ့။ ငါတို့ ဘာမှ မပြောခဲ့ဘူး"

"ဟုတ်တယ်။ သူမက စုမိသားစုဝင် ဖြစ်တာနဲ့ပဲ သူမက လူတွေကို ဒီလိုမျိုး အပုတ်ချလို့ ဖြစ်နိုင်လား"

စုယွဲ့ထင်က လှောင်ပြောင်လိုက်သည်။ "နင်တို့တွေ ပြောတာလို့ ငါ ပြောတောင် မပြောရသေးဘူး။ တစ်စုံတစ်ယောက်က ဘာဖြစ်လို့ အရင်ဆုံး အပြစ်ရှိသလို ခံစားနေရတာလဲ"

"ငါ..."

သူတို့ ငြင်းခုန်နေကြစဉ် ကျိုးယန်ပိုင်က ဟောက်ချန်ဟွမ်းကို ဟောက်ချီဟန်တို့မိသားစုနှင့် သူတို့ ဆက်ဆံရေးကို သဘာဝကျကျ အလေးပေး တင်ပြခဲ့ပြီး သူတို့၏အထောက်အထားနှင့် နောက်ခံ အကြောင်းအရာတို့ကို အကြမ်းဖျင်း ပြောပြခဲ့ပြီး ဖြစ်သည်။

ဟောက်ချန်ဟွမ်း၏ မျက်လုံးများက အနည်းငယ် အေးစက်သွားသည်။

"မဒမ်ကျန်း၊ မဒမ်လု၊ မဒမ်ကျူး၊ ဟုတ်တယ်မလား။ ဟောက်ကော်ပိုရေးရှင်းက ခင်ဗျားတို့ မိသားစုတွေရဲ့ လုပ်ငန်းချင်း အဆက်အသွယ် အားလုံးကို ဖြတ်တောက်မယ့်အကြောင်း ခင်ဗျားတို့ မိသားစုကို ပြန်ပြောလိုက်ပါ။ တကယ်လို့ ခင်ဗျားတို့ ဒေဝါလီမခံချင်ရင် ဒါမှမဟုတ် လမ်းပေါ်မှာ အဆုံးမသတ်ချင်ဘူး ဆိုရင် အိမ်အသစ် အမြန်ဆုံး ရှာလိုက်ပါ"

ဟောက်ချန်ဟွမ်း၏ စကားကို ကြားသောအခါတွင် သူတို့ မျက်နှာ အမူအရာက အနည်းငယ် ပြောင်းသွားသည်။ မဒမ်ကျူးသည် မိသားစု နောက်ခံကောင်းမှ ဆင်းသက်လာတာ ဖြစ်ပြီး မနေနိုင်ပဲ ရှေ့တစ်လှမ်း တိုးကာ မာနကြီး မောက်မာစွာ ပြောလိုက်သည်၊

"ဟောက်မိသားစုနဲ့ ငါတို့ကော်ပိုရေးရှင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဖြတ်တောက်ဖို့ မင်းမှာ ဘာလုပ်ပိုင်ခွင့် ရှိလို့လဲ။ အဲ့တာက တစ်ခုပဲ..."

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Onde histórias criam vida. Descubra agora