Part 234

1.1K 92 1
                                    

234 01

အခန်း (၂၃၄)

အစမ်း မြည်းစမ်းဖို့ သွားမယ်

တကယ်တော့ ဝမ့်ယန်ဟ တိုက်ရိုက် ထုတ်လွှင့်မှု ပြုလုပ်ဖို့ စားသောက်ဆိုင်တွေကို သွားလာတာ ဒါ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ သူက အဆင့်မြင့် စားသောက်ဆိုင်များတွင် စည်းကမ်းများစွာ ရှိသည့်အပြင် စားသောက်ဆိုင် အများစုမှာ တိုက်ရိုက် ထုတ်လွှင့်မှု ပြုလုပ်လိုသည့် မည်သူကိုမျှ ဝင်ခွင့် မပေးလိုကြပေ။

သူက အကြိမ်ပေါင်းများစွာ တားမြစ်ခံရသော်လည်း ဒီတစ်ကြိမ်မှာလည်း သူ ဝင်ခွင့်ရဖို့ အစွမ်းကုန် ကြိုးစားခဲ့သည်။

သူ တံခါးဝသို့ ရောက်သည်နှင့် "ဆရာ..." ဟူသော အသံတိုးတိုးလေးကို ကြားလိုက်ရသည်။

ဝမ့်ယန်ဟာ အံ့အားသင့် သွားသည်။ သူ့လက်ထဲမှ တိုက်ရိုက် ထုတ်လွှင့်သည့် ပစ္စည်းကိရိယာကို မသိစိတ်က ဆုပ်ကိုင် ထားမိပြီး သူထံသို့ လျှောက်လာသည့် စားပွဲထိုး ဝန်ထမ်းကို ကြည့်လိုက်သည်။

"ဒီစားသောက်ဆိုင်က... တိုက်ရိုက် ထုတ်လွှင့်တဲ့ ပစ္စည်း ကိရိယာတွေကို ယူဆောင်ခွင့် မပြုဘူးလား"

စားပွဲထိုးက ဒါကို ကြားတော့ အံ့အားသင့် သွားသည်။ သူက အပြုံးလေးဖြင့် "ဒီစားသောက်ဆိုင်မှာ အဲ့လို စည်းကမ်း မရှိပါဘူး၊ ဒါပေမယ့် စားသောက်ဆိုင်မှာ လူတွေ အများကြီးရှိတော့ ဆရာ စားသောက်ဆိုင်ထဲ ဝင်လာတဲ့အခါ ဆရာ့ရဲ့ အဖိုးတန် ပစ္စည်းတွေကို သေချာ ဂရုစိုက်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ဒါ့အပြင် အခြား စားသုံးသူတွေကိုလည်း အနှောင့်အယှက် မဖြစ်စေရပါဘူး"

စားပွဲထိုးရဲ့ ယဉ်ကျေး သိမ်မွေ့သော သဘောထားသည် ရင်းနှီးကျွမ်းဝင်ပြီး သူ့အား အထင်အမြင် ကောင်းစေရန် လွယ်ကူသည်။

ဝမ့်ယန်နှင့် တိုက်ရိုက် ထုတ်လွှင့်မှု အခန်းမှ ပရိသတ်တွေက ဆိုင်တံခါးဝမှာပင် တားမြစ်ခံရပြီး ဝင်ခွင့်မပြုတာ ခံရဖို့ စိတ်ပိုင်းဖြတ် ထားပြီး ဖြစ်သည်။ သူ ပြောလိုက်တာကို ကြားလိုက် ရသောအခါတွင် သူတို့က အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Onde histórias criam vida. Descubra agora