အခန်း (၂၁၁)
မျက်မှောက်မြင်ကွင်း
"အစ်မ" ယိုယွီရှစ်တစ်ယောက် ဒေါသထွက်သွားသည်။ သူမ ဒီလောက် အသုံးမကျတာ မဟုတ်ပါဘူး။
ယိုကျင်းယွီက သူမကို အများ ရှင်းပြချင်စိတ် မရှိပေ။
"သူမကို ဒီကို လွှတ်လိုက်ပါ"
ငါးမိနစ်ကြာပြီးနောက် ဝမ်ကျင့်ဖျင်သည် အနက်ရောင်ဝတ် သက်တော်စောင့်များ နောက်မှ လိုက်ပါလာခဲ့သည်။ သူမ နောက်တွင် သတင်းထောက် အုပ်စုကြီးသည် ကင်မရာ၊ မိုက်အပြည့်အစုံဖြင့် လိုက်ပါလာခဲ့သည်။
အောက်ထပ်ရှိ သက်တော်စောင့်တွေကို တွေ့လိုက်ရသောအခါ ဝမ်ကျင့်ဖျင် တစ်ယောက် နှလုံးခုန် မြန်သွားသည်။ ယခု အခန်းထဲတွင် အမည်မသိ အမျိုးသမီး တစ်ဦးကိုပါ မြင်တွေ့လိုက်ရပြီး အရေးကိစ္စ အားလုံးမှာ သူမထိန်းချုပ်မှုအောက်မှ လွတ်ကင်းတော့မလို ခံစားချက်မျိုးကို ခံစားလိုက်ရသည်။
ကံမကောင်းစွာဖြင့်၊ သူမသည် ဓားကို အသုံးပြုရန်မှ လွဲပြီး အခြားရွေးစရာ မရှိပေ။ သူမသည် "ဒီပုဂ္ဂိုလ်က..." ဟုသာ မေးလိုက်နိုင်သည်။
ယို့ကျင်းယွီ၏ မျက်လုံး တလက်လက်ဖြင့် တိုက်ရိုက် တန်းပြောလိုက်သည်။
"ငါက ယွီရှစ်ရဲ့ အစ်မကြီးပဲ။ နင်ကရော..."
"ကျွန်မက..."
ဝမ်ကျင့်ဖျင်၏ ပြောစကား မဆုံးခင်မှာပင်၊ ယိုယွီရှစ်က စိတ်မရှည်စွာ ကြားဖြတ်ပြောခဲ့သည်။ "နင် ဒီကို ဘာလာလုပ်တာလဲ"
ဝမ်ကျင့်ဖျင်၏ မျက်နှာမှာ ဖြူဖျော့သွားပြီး၊ ချက်ချင်းပင် နာကျင်သွားသည့် အသွင်လေး ဖြစ်သွားခဲ့သော်လည်း သူမသည် ယိုယွီရှစ်၏ ရိုးသားမှုအပေါ် အနည်းငယ် စိတ်ကျေနပ် သွားသည်။
သတင်းထောက် များစွာနှင့် ကင်မရာများစွာကို ရင်ဆိုင်သည့် အခါ၌ သူမသည် အခါတိုင်းလို ပြုမူနေထိုင်ပါက ပြဿနာများစွာကို သက်သာ စေလိမ့်မည် ဖြစ်သည်။
ယိုယွီရှစ်သည် သူမရဲ့ အပြုအမူကြောင့် စိတ်ဆိုးသွားသည်။ သူမကို စကားပြောသည့်အချိန်တိုင်း၊ တစ်စုံတစ်ယောက်က သူမကို အနိုင်ကျင့်နေပြီး သူမသည် ကြီးမားသော နစ်နာမှုများကို ခံစားနေရသည့်ဟန်လေး ပြုမူလေ့ရှိသည်။
