Part 233

1K 78 1
                                    

233 01

အခန်း (၂၃၃)

တရားဝင် ဖွင့်လှစ်ခြင်း

ဒီအဖြေကို စုယန်ယန် မျှော်လင့် ထားပြီးသားပင် ဖြစ်သည်။ သူမက အသက်ပြင်းပြင်း ရှူလိုက်ပြီး "ကောင်းပြီ၊ သမီးကို အရင်ဆုံး စုံစမ်းမေးမြန်း ကြည့်ပေးပါဦး။ မဟုတ်ရင်၊ သမီး တစ်ယောက်ယောက်ကို အကူအညီ တောင်းလိုက်မယ်"

ချိန်ကျွင်းဟောက်က ခေါင်းညိတ်ပြီး သိချင်စိတ်ဖြင့် မေးမြန်းမိသည်။

"သမီးရဲ့ ဆေးဖက်ဝင် ဟင်းလျာက ရွယ်ရူရဲ့ ကိုယ်ဝန် ရနိုင်ခြေကို တိုးမြင့်လာစေတယ် ဆိုတော့ တခြားသူတွေအပေါ်မှာရော သက်ရောက်မှု ရှိနိုင်လား"

"ဒါကိုတော့ သမီး အာမ မခံနိုင်ဘူး။ တကယ်တော့၊ ကိုယ်ဝန် မဆောင်နိုင်တဲ့ အကြောင်းရင်းတွေက အများကြီး ရှိတယ်။ လူတိုင်းမှာ မတူညီတဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေ ကိုယ်စီရှိတော့ သဘာဝအတိုင်း သမီးတို့က မတူညီတဲ့ နည်းလမ်းတွေကို အသုံးပြုဖို့ လိုအပ်တယ်။ သမီးတို့က မှန်ကန်တဲ့ ဆေးဝါးတွေကို သုံးစွဲဖို့လည်း လိုအပ်သေးတယ်"

စုယန်ယန်က မေးသည်၊ "အန်ကယ်လေး၊ ဘာဖြစ်လို့ ဒီအကြောင်းကို မေးနေတာလဲ"

"ဒါက ဒီလိုပါ။ သမီး အန်တီလေးနဲ့ အန်ကယ်လေးတို့လို သားသမီး အရမ်း လိုချင်ပေမယ့် မရတဲ့ သူငယ်ချင်း မိတ်ဆွေတွေ အများကြီး သိကျွမ်းခဲ့တယ်။ သမီး အန်တီလေး ကိုယ်ဝန်အကြောင်း ပြောပြရင် ဒီအကြောင်းကို သူတို့ မလွဲမသွေ မေးမြန်းကြလိမ့်မယ်။ နောက်ဆုံးတော့ အန်ကယ်လေးတို့က တူညီတဲ့ ကံကြမ္မာကို ဝေမျှခဲ့ဖူးတဲ့ သူငယ်ချင်း မိတ်ဆွေတွေ ဖြစ်ကြပြီးတော့ အန်ကယ်လေးတို့က လူကောင်းတွေပဲ။ တကယ်လို့ အန်ကယ်လေးတို့ သူတို့ကို ကူညီပေးနိုင်ရင် ကုသိုလ်ရတာပေါ့"

စုယန်ယန်က ခဏလောက် စဉ်းစားကြည့်လိုက်သည်။

"ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ လာမယ့် သုံးရက်အတွင်း ဆေးဖက်ဝင် ဟင်းလျာဆိုင်လည်း ဖွင့်တော့မှာ ဆိုတော့ အန်ကယ်လေးရဲ့ မိတ်ဆွေတွေ ဒါကို စိတ်ဝင်စားမယ်ဆိုရင် သူတို့ကို စားသောက်ဆိုင်ကို တစ်ချက်လောက် လာကြည့်ဖို့ ဖိတ်လိုက်ပါလား။ သမီး အရင်ဆုံး ရှင်းအောင် ပြောထားပါရစေ။ သမီး သူတို့ကို ကလေး ပေးနိုင်တာ မဟုတ်ဘူး။ သူတို့ သေချာပေါက် ကိုယ်ဝန် ဆောင်နိုင်လိမ့်မယ်လို့ သမီး အာမ မခံနိုင်ဘူး"

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Where stories live. Discover now