Part 268

1K 87 0
                                    

အခန်း (၂၆၈)

ကျွန်မက ရှင်တို့ကို အနီရောင် ဥတစ်လုံးစီ လက်ဆောင် ပေးသွားမှာ ဖြစ်ပါတယ်

ငြိမ်သက်သွား‌သော မက်ဆေ့ချ်များသည် နောက်ဆုံး၌ သူမတို့၏ မင်္ဂလာပွဲအတွက် ဆုတောင်းစာများ ပေးပို့ဖို့ သတိဝင် လာခဲ့ကြသည်။

တိုက်ရိုက် ကြည့်ရှုသူများ အမြင်တွင် ဟောက်ချန်ဟွမ်း၏ ဆုလက်ဆောင် အတွဲလိုက်သည် စုယန်ယန်၏ မင်္ဂလာပွဲအတွက် ဂုဏ်ပြုပေးဖို့ အတွက်သာ ဖြစ်နိုင်သည်။

မနေ့ညက အဖြစ်အပျက်ကို တခြားသူတွေ မမေးစေချင်တာကြောင့် သူ ဒီလို သက်သက် လုပ်ခဲ့ကြောင်းကို စုယန်ယန် တစ်ယောက်တည်းသာ သိလေသည်။

ဒါကိုတွေးရင်း စုယန်ယန်၏ မျက်နှာလေးဟာ နီရဲလာပြန်သည်။

"အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ မင်္ဂလာပွဲကို ဂုဏ်ပြုဖို့အတွက် ဒီနေ့မှာ ကံထူးရှင် ပရိသတ် သုံးဦးကို ဟင်းလျာအချို့ လက်ဆောင် ပေးသွားပါမယ်။ ဒါ့အပြင် မနက်ဖြန် ရှစ်ဟွမ်း စားသောက်ဆိုင်ကို သွားမယ့် ဧည့်သည်တွေ တစ်ဦးချင်းစီတိုင်းကို မင်္ဂလာပွဲ လက်ဆောင်အဖြစ် အနီရောင် ဥတစ်လုံးစီ ပေးအပ်သွားမှာ ဖြစ်ပါတယ်"

[အနီရောင် ဥလား။ အနီရောင် ဥက ဘာလဲ။ အခွံအနီရောင်ရှိတဲ့ ဥကို ပြောတာလား။ ဘယ်တိရစ္ဆာန်ရဲ့ ဥက အနီရောင် ရှိတာလဲ။]

"အနီရောင် ဥ ဆိုတာက ဆေးခြယ်ထားတဲ့ ဥတွေကို ‌ပြောတာပါ။ ရှေးခေတ် ကမ္ဘာမြေတုန်းက အနီရောင် ဥတွေကို မင်္ဂလာပွဲ၊ ကလေးမီးဖွားတဲ့ နေ့နဲ့ ကလေး တစ်လပြည့်နေ့တွေမှာ မိသားစုတွေနဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေကို ဝေငှပေးကြတယ်။ သူ့ အဓိပ္ပါယ်က နောင်အနာဂတ်မှာ ကြီးပွား ချမ်းသာ လာလိမ့်မယ်လို့ အဓိပ္ပါယ်ရတယ်"

စုယန်ယန်၏ စကားတွေကြောင့် လူအများ သွေး‌ဆောင်ခံခဲ့ရသည်။

[အဲဒီလို အဓိပ္ပါယ်ရှိမှန်း ငါ မသိခဲ့ဘူး။ မနက်ဖြန်ကျရင် အနီရောင် ဥကို သွားယူပြီး ပွဲတော်ရဲ့ အငွေ့အသက်ကို ခံစားနိုင်ဖို့ တင်ဆက်သူရဲ့ စားသောက်ဆိုင်ကို သွားရမယ်။ ဒါ့အပြင်၊ ချက်ချင်းဆိုသလို ငါ့အိမ်မက်မင်းသားလေးက ငါ့ကို လက်ထပ်ခွင့် တောင်းဖို့ ဘွားခနဲ ပေါ်လာတာလည်း ဖြစ်ကောင်း ဖြစ်လာလိမ့်မယ်။]

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Où les histoires vivent. Découvrez maintenant