227 01
အခန်း (၂၂၇)
ရှင်က လေဒီဘော့စ်ပဲ
ဒါပေါ့၊ ဒါကို ဘယ်သူမှ ကန့်ကွက်ခဲ့ခြင်း မရှိပါဘူး။ နောက်ဆုံးတော့ အဲ့တာက စားသောက်ဆိုင်ရဲ့ ပိုင်ဆိုင်မှုပဲ။ ဒါကို အခမဲ့ ခံစားခွင့် ရတာကပင် သူတို့အတွက် အကျိုးကျေးဇူး ကြီးကြီးမားမား ရရှိနေခဲ့ပြီပဲ ဖြစ်သည်။
တကယ်လို့ ပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရှိပဲ ပစ္စည်းတွေကို ယူဆောင်ခြင်းနှင့် ခိုးယူခြင်းအကြား ကွာခြားချက်မှာ အဘယ်နည်း။
စုယန်ယန်သည် သူတို့အားလုံး၏ ပူးပေါင်း ဆောင်ရွက်မှုအတွက် စိတ်ကျေနပ်မှု ရှိခဲ့ပြီး သူတို့ အကုန်လုံးနှင့် စာချုပ်ချုပ် ဆိုခဲ့သည်။
အချိန်ကို တစ်ချက် တွေးကြည့်ပြီး စုယန်ယန်သည် သူတို့အားလုံးကို ရိုးရှင်းတဲ့ စွပ်ပြုတ် အချို့ကို ချက်ပြုတ် တတ်အောင် သင်ကြား ပေးလိုက်သည်။ ပါဝင်သည့် ဆေးဝါးပမာဏ ပြဿနာကို ဖြေရှင်းဖို့က သိပ်မခက်ပါဘူး။
မီးဖိုချောင်ထဲတွင်၊ ပါဝင်ပစ္စည်း ပမာဏကို ဒဿမ လေးနေရာအထိ တိကျစွာ ချိန်တွယ်နိုင်သည့် ဉာဏ်ရည်တု စက်တစ်လုံး ရှိသည်။ အချိန်တန်လျှင် သူမသည် ဂျုံမုန့်ညက်ကိုသာ နယ်ပေးလိုက်မှာ ဖြစ်ပြီး သူတို့ဘာသာ လိုအပ်သည့် ပမာဏကို ချိန်တွယ် လုပ်ကိုင်ကြရမှာ ဖြစ်သည်။
ဒါပေါ့၊ သူတို့ဆီမှာ အချက်အပြုတ် ဆိုင်ရာ စွမ်းရည်ရှိဖို့လည်း လိုအပ်လေသည်။
နောက်ဆုံးတော့ တူညီသော ဟင်းချက်နည်းဖြင့် ချက်ပြုတ်ထားသည့် ဟင်းလျာတွေက ချက်ပြုတ်တဲ့ သူပေါ် မူတည်ပြီး ကောင်းမွန်သည့် ဟင်းပွဲ၊ ဆိုးရွားသည့်ဟင်းပွဲ အဖြစ်သို့ ကွဲပြားသွားလိမ့်မည်။
စုယန်ယန်သည် စတိုးဆိုင်ရှေ့တွင် ကြိုဆိုဧည့်ခံရမည့် ဝန်ထမ်းတွေနှင့် မီးဖိုချောင်ထဲမှာ လုပ်ကိုင်ရမည့် ဝန်ထမ်းတွေကို ခွဲခြားစိတ်ဖြာရန် နေ့တစ်ဝက်ခန့် အချိန်ယူခဲ့ရသည်။ ထို့နောက် သူမသည် စားသောက်ဆိုင်တွင် သူတို့ လုပ်ကိုင်ရမည့် အလုပ်တာဝန်များနှင့် ရင်းနှီး ကျွမ်းဝင်အောင် လုပ်ကိုင်စေသည်။
