231 01
အခန်း (၂၃၁)
ကိုယ့်ကိုလည်း နည်းနည်းလောက် မျက်နှာသာပေးသင့်ပါတယ်
ချင်ရွယ်ရူသည် သူမတို့နှစ်ဦးအတွက် အလွန် ဝမ်းသာပျော်ရွှင်ပြီးနောက် သူမ၏ စိတ်ခံစားချက်များကို တဖြည်းဖြည်း ထိန်းချုပ် လာနိုင်ခဲ့သည်။ ချင်ရွယ်ရူသည် သူမ၏ ဝမ်းဗိုက်လေးကို ထပ်မံ ထိတွေ့မိပြန်သည်။
ဒီလို ကြီးမားသည့် အံ့အားသင့်မှု အတွက် သူမ စိတ်ခံစားချက်တွေကို ဘယ်လို ဖော်ပြလို့ရမှန်းပင် မသိတော့လောက်အောင် ဖြစ်မိသည်၊ သူမမှာ သူမ အမြဲအိမ်မက်မက်ခဲ့သော သေးငယ်သည့် အသက်တာလေးကို ပိုင်ဆိုင် ထားခဲ့ပြီမှန်းကိုတော့ သူမ သိသည်။
ကလေး မမွေးသေးခင် ကတည်းက သူ့ကို မမြင်နိုင်တော့သည့် သူ့ဇနီးသည်ကို ကြည့်ပြီး ချိန်ကျွင်းဟောက်က သူ့ဇနီးသည်၏ အင်္ကျီလက်ကို တိတ်တိတ်လေး ဆွဲကိုင်ပြီး ဝမ်းနည်း နာကျင်နေသည့် အသံလေးဖြင့် "အဓိက ကျေးဇူးတင်ရမယ့်သူက ယန်ယန် ဆိုပေမယ့် ဒီသေးသေးလေး ဖြစ်လာအောင် ကိုယ်လည်း နည်းနည်းလောက် ကူညီပံ့ပိုး ပေးခဲ့တာပဲလေ၊ ဒါ့ကြောင့် ကိုယ့်ကိုလည်း နည်းနည်းလောက် မျက်နှာသာ ပေးသင့်ပါတယ်လေ"
သူ့မျက်နှာပေါ်က အမူအရာက "ကိုယ် မရှိပဲ၊ မင်း ဒီကလေးလေးကို ကိုယ်ဝန်ဆောင်နိုင်မှာ မဟုတ်ဘူးလေ။ ကိုယ် အလုပ် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့တာ ဆိုတော့ ကိုယ့်ကို မျက်နှာသာပေးမှု နည်းနည်းလောက်တော့ ရသင့်ပါတယ်။ ကိုယ့်ကို ဒီလိုမျိုး လျစ်လျူမရှုထားပါနဲ့"
ချင်ရွယ်ရူ "..." သူမ ဒီခင်ပွန်းသည်ကို မလိုချင်တော့ပါ။ သူ့ကို လိုချင်သည့် မည်သူမဆို သူ့ကို ခေါ်ဆောင် သွားနိုင်ပါသည်။
တခြားသူတွေကလည်း ချိန်ကျွင်းဟောက်၏ စကားကြောင့် ကြက်သေ သေသွားကြသည်။ ခဏအကြာမှာတော့ ချိန်ရှုချင်က ပြန်အသိဝင်လာပြီး ရယ်ကာ မောကာဖြင့် သူ့ကို ဆူပူလိုက်သည်၊ "ဘယ်လောက်တောင် အသုံးမကျလိုက်လဲ"
စုယန်ယန်သည်လည်း စိုက်မကြည့်ပဲ မနေနိုင်တော့ပေ။ ချိန်းတွေ့ခြင်းက လူတစ်ဦး၏ ဉာဏ်ရည်ကို လျော့ကျစေရုံသာမက မိဘများ ဖြစ်လာခြင်းကပင် ထိုကဲ့သို့ ဖြစ်လာနိုင်ကြောင်းကို တွေ့ရှိခဲ့ရသည်။
