Part 289

534 44 0
                                    

အခန်း (၂၈၉) – သူ့အသက်ကို ကယ်တင်ခဲ့တာလား။

သူ့မိဘတွေ ဘဝတစ်ပါးသို့ ကူးပြောင်းသွားစဥ်အခါက သူ့ထံတွင် "အိမ်" ဆိုသည့် ခံစားချက်မျိုးလေး နောင်အခါ ဘယ်တော့မှ မခံစားရတော့ဘူးလို့ သူ တွေးမိခဲ့ဖူးသည်။

သို့ပေမယ့် အခုတော့ ဒီအမျိုးသမီးလေးကြောင့် သူ့ထံမှာ အိမ်ဟူသော ခံစားချက်မျိုးကို တဖန် ပြန်ရရှိလာခဲ့သည်။

မိသားစုကို ထောက်ပံ့ရန် ငွေရှာခြင်းသည် စုယန်ယန်ကို ထောက်ပံ့ရန် ငွေရှာခြင်းနှင့် ညီမျှသည်။ ၎င်းမှာ ပြဿနာတစ်ရပ် လုံးဝ မဟုတ်ပေ။

စုယန်ယန်ဟာ ရှက်သွေးဖြာသွားပြီး သူမမျက်ဝန်းတွေက တောက်ပသွားသည်။ "ဒါဆိုရင် ရှင် အလုပ် အရမ်းကြိုးစားရမယ်။ ကျွန်မကို ပြုစုပျိုးထောင်ဖို့ သိပ်မလွယ်ဘူး။"

"အင်း"

စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းတို့ဟာ နှစ်ဦးသား ပျော်ရွှင်စရာ အချိန်လေးကို အတူကုန်ဆုံးနေစဥ် ဟောက်ချီဟန်တို့ မိသားစုကတော့ စိတ်လက်ချမ်းသာမှု အလျဥ်းမရှိကြပေ။

ဟောက်ချီဟန်သည် ဟောက်ချန်ဟွမ်းရဲ့ စကားလုံးတွေကြောင့် ကြောက်လန့်နေခဲ့ပြီး သူ့မျက်နှာဟာ တစ်ချိန်လုံး မည်းမှောင်နေခဲ့သည်။

မစ္စဟောက်သည် တိတ်ဆိတ်မှုကို ချိုးဖျက်ဖို့ရန်အလို့ငှာ စကားလုံးအချို့ကို ကြိုးပမ်းရှာဖွေပြီး ပြောခဲ့သော်ငြား ဟောက်ချီဟန်က တုံ့ပြန်ခြင်း မရှိပေ။ အဆုံး၌ မစ္စဟောက်သည် ဟိုဟိုဒီဒီ မြည်တွန်တောက်တီးနေသောကြောင့် ဟောက်ချီဟန်ထံမှ အကြည့်စူးစူးကို လက်ခံရရှိလိုက်သည်။

မစ္စဟောက်သည် အိမ်တွင်း၌ နာခံတတ်သော အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း နှစ်များစွာတစ်လျှောက် ဟောက်မိသားစု၏ နာမည်ဂုဏ်သတင်းကြောင့် သူမ၏ အဆင့်အတန်းမှာလည်း မြင့်တက်လာခဲ့သည်။ ဤကဲ့သို့သော အရေးပေးမှုများဖြင့် ဆက်ဆံခံရသည့် သူမကို ဤကဲ့သို့ အေးစက်စက် ပြုမူလိုက်တော့ သူမ အနည်းငယ် ဒေါသထွက်သလို ခံစားခဲ့ရသည်။

အထူးသဖြင့် သူမ ဒဏ်ရာရရှိနေသောအခါတွင် ဟောက်ချီဟန်က သူမကို နှစ်သိမ့်ပေးဖို့ မလုပ်တဲ့အပြင် သူမကို ဤကဲ့သို့ ပြုမူဆက်ဆံလိုက်သောအခါ အနည်းငယ် ဒေါသထွက်သွားခဲ့သည်။

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Where stories live. Discover now