အခန်း (၂၉၁)
– ကိုယ့်ကိုပဲ ထိုးလိုက်ပါ
မစ္စဟောက်သည် ထိုသို့ပြောပြီးနောက် ခေါင်းလှည့်ကာ သားဖြစ်သူကို စတင် ဆူပူမာန်မဲတော့သည်၊ "နင်လည်း အတူတူပဲ။ နင့်အဖေက နင့်ကို နောက်ဆုံးအကြိမ် သတိပေးခဲ့တယ်၊ ဒါပေမယ့် နင်က အဲ့တာကို အလေးအနက်မထားခဲ့ဘူး။ အခု၊ ငါ နင့်ကို ထပ်သတိပေးမယ်၊ နင် ဒီမိန်းမနဲ့ အမြန်ဆုံး လမ်းခွဲလိုက်ပါ။ မဟုတ်ရင်၊ နင်က ငါ့သား မဟုတ်တော့ဘူးလို့ သတ်မှတ်လိုက်ရလိမ့်မယ်။"
ထိုသို့ ပြောပြီးနောက် မစ္စဟောက်သည် ဟောက်ရှောက်ဖုန်း၏ တုံ့ပြန်မှုကို ဂရုမစိုက်ပဲ ဒေါက်မြင့်ဖိနပ် တဒေါက်ဒေါက်အသံမြည်အောင် စီးကာ ထွက်သွားခဲ့သည်။
ဟောက်ရှောက်ဖုန်းသည် စက္ကန့်အနည်းငယ်မျှ ကြက်သေ သေသွားပြီးနောက် နောက်ဆုံးတွင် အသိပြန်ဝင်လာခဲ့သည်။ သူက အလျင်စလိုဖြင့် သူ့အမေအား လိုက်ဖမ်းခဲ့သည်။
"အမေ"
သားအမိနှစ်ယောက်စလုံး ထိုကဲ့သို့ပင် ထွက်ခွာသွားခဲ့ကြကာ ဝမ်ကျင့်ဖျင်ကို ဆေးရုံကုတင်ပေါ်တွင် တစ်ယောက်တည်း ထားရစ်ခဲ့သည်။ ဝမ်ကျင့်ဖျင်၏ မျက်နှာသည် လုံးဝ ဖြူစွတ်နေပြီး သူမရဲ့ မျက်လုံးများထဲတွင် အရှက်တရားကြောင့် ကျဆင်းနေသော မျက်ရည်များ ပြည့်နှက်နေခဲ့သည်။
သူမမှာ ဘာဖြစ်လို့ ဒီလိုမျိုး ကြုံတွေ့ရတာလဲ။ သူမ ဒီလောက် ပေးဆပ်ခဲ့တာကိုတောင် ဒီအဖွားကြီးရဲ့ အရှက်ခွဲမှုကို ဘာဖြစ်လို့ ခံနေရသေးတာလဲ။ သူမကို ဒီအဖွားကြီး ဒီလောက် မနှိမ်ချသင့်ဘူး မဟုတ်လား။
ဒါက သူမ အပြစ်မဟုတ်မှန်း သိသာပါသည်။ သူမနဲ့ ဘာမှ မဆိုင်ပေမယ့် အပြစ်အားလုံးကို သူမအပေါ် ပုံချခဲ့ပြီး သူမသာလျှင် အပြစ်တင်ခံခဲ့ရသည်။
ခွေးကြီး၊ ခွေးမကြီး၊ ခွေးကောင်၊ သူတို့တွေအကုန်လုံး ခွေးကောင်တွေပဲ။ တစ်နေ့ကျရင် ဒီအဖွားကြီးလည်း သူမကို ခွေးတစ်ကောင်လို ဒူးထောက်ပြီး တောင်းပန်ရလိမ့်မယ်။
ဝမ်ကျင့်ဖျင်၏ မျက်နှာသည် အနည်းငယ် ပုံပျက်နေပြီး သူမ၏ မျက်လုံးများတွင် နာကြဥ်းမှုနှင့် မုန်းတီးမှုများ ပေါ်လာခဲ့သည်။
![](https://img.wattpad.com/cover/342147150-288-k479399.jpg)