အခန်း (၂၉၄)
– အပြစ်ခံယူလိုက်သည်
ဟောက်ချန်ဟွမ်းရဲ့ မျက်နှာပေါ်တွင် ရှားရှားပါးပါး ရှက်ရွံ့သော အသွင် ဖြစ်ပေါ်နေခဲ့သည်။
သူ မရှင်းပြဖို့ အချိန်မရသေးခင် စုယန်ယန်က သူတို့ရဲ့ စကားဝိုင်းကို ကြားလိုက်ရသည်။ သူမက မီးဖိုချောင်ထဲမှ ခေါင်းထွက်လာပြီး "ရှင်တို့ ဘာအကြောင်း ပြောနေတာလဲ" လို့ လှမ်းမေးခဲ့သည်။
"ဘာမှ မဟုတ်ပါဘူး။" ဟောက်ချန်ဟွမ်းသည် ဦးလေးကျန်း ပြန်မဖြေခင် အရင်ပြန်ဖြေလိုက်သည်။ "ကိုယ်တို့ မင်း ဒီမနက် ဘာအရသာရှိတာလေး ချက်ပြုတ်မလဲ ဆိုတာကို ဆွေးနွေးနေကြတာ။"
"ကျွန်မ မနက်စာကို ဂျုံယာဂုနဲ့ အရံဟင်းနည်းနည်း ပြင်ဆင်ထားတယ်။ မကြာသေးခင်က ရှင့်ရဲ့ အထူးအခြေအနေရောက်နေလို့ ရှင် အရသာ ခပ်ပေါ့ပေါ့ စားသောက်ဖို့ လိုအပ်တယ်။"
ဟောက်ချန်ဟွမ်းသည် စုယန်ယန်ရဲ့ ပြောစကားကို ကြားလိုက်ရသောအခါ ထိတ်လန့်သွားခဲ့ရသည်။ မျှော်လင့်ထားသည့်အတိုင်း သူ ခေါင်းလှည့်လိုက်သည်နှင့် ဦးလေးကျန်း၏ စနောက်ကျီစယ်လိုသည့် အကြည့်နှင့် ရင်ဆိုင်လိုက်ရသည်။
ဟောက်ချန်ဟွမ်း၊ "..." ကောင်းပြီ၊ သူတို့ရဲ့ နာမည်ဂုဏ်သတင်းကို မြစ်ဝါမြစ်ထဲ ခုန်ဆင်းသွားရင်တောင် ရှင်းနိုင်မှာ မဟုတ်တော့ဘူး။
စုယန်ယန်သည် သူတို့နှစ်ဦးကြားရှိ ဆက်သွယ်ချက်ကို သတိမထားမိပဲ ဂျုံယာဂုနှင့် ဟင်းလျာများကို တတ်နိုင်သမျှ အမြန်ခင်းကျင်းလိုသဖြင့် မီးဖိုချောင်ထဲ ပြန်ဝင်သွားခဲ့သည်။
သူမ ထွက်သွားသည်နှင့် တပြိုင်နက် ဟောက်ချန်ဟွမ်းသည် သက်ပြင်းတစ်ချက်ကျကာ အပြစ်ခံယူလိုက်သည်။
"ကျွန်တော် သတိထားလိုက်ပါ့မယ်။"
ဦးလေးကျန်း၏ မျက်နှာအမူအရာဟာ ပို၍ပင် နူးညံ့ပျော့ပျောင်းလာခဲ့ကာ သခင်လေးသည် အမှန်ပင် နာခံတတ်ပြီး အကျင့်စာရိတ္တကောင်းမွန်သည်။ သူ့အနားရှိလူများကို ဘယ်လို ပြုမူဆက်ဆံပေးရမယ် ဆိုတာကို သိရှိတဲ့ ဥာဏ်ကောင်းသော သခင်လေး ဖြစ်နေဆဲပါပင်။
![](https://img.wattpad.com/cover/342147150-288-k479399.jpg)