Unicode
အခန်း (၁၇၁)
အမာခံပရိသတ် တစ်ယောက်နဲ့ ဆုံတွေ့ခြင်းစုယန်ယန်သည် သူမ၏ သေးငယ်လှသော စေတနာလေးတွေက ပလတ်စတစ်လို ညီအစ်ကိုတွေအဖြစ် ထပ်မံ မြင်တွေ့ခဲ့ရကြောင်းကို နည်းနည်းလေးမှ မသိခဲ့ပေ။ သူမသည် ဟောက်ချန်ဟွမ်း၏ ဘီးတပ် ကုလားထိုင်ကို တွန်း၍ နျဉ်ချီလွေ့၏ အခန်းထဲသို့ ဝင်လာစဉ်တွင် နျဉ်စစ်ယွမ်အပြင် အခြား တစ်ယောက်ကိုပါ တွေ့လိုက်ရတော့ သူမ အံ့အားသင့် သွားခဲ့သည်။
“ဒါက...” စုယန်ယန်က မျက်မှောင်ကြုတ် သွားခဲ့သည်။ သိသာ ထင်ရှားသည်မှာ သူမ စိတ်မကျေမနပ် ဖြစ်နေတာပင်။
သူမ မလာခင်မှာ နျဉ်ညီအစ်ကိုတွေနဲ့ သူမ လာရောက်မယ့် အချိန်ကို ပြန်အတည်ပြုခဲ့သည်။ ဒီပုဂ္ဂိုလ်က အခုအချိန်အထိ အခန်းထဲမှာ ရှိနေသေးသည့် အတွက် ဒီပုဂ္ဂိုလ်က နျဉ်ညီအစ်ကိုတွေရဲ့ သဘောတူညီချက်ကို ရရှိခဲ့သည်မှာ သိသာ ထင်ရှားပါသည်။
နျဉ်ချီလွေ့၏ နာမကျန်းမှုအား အပြင်လူကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခဲ့သည့် နျဉ်ညီအစ်ကိုတွေရဲ့ လုပ်ရပ်က စုယန်ယန်ကို စိတ်ပျက် သွားစေသည်။
စုယန်ယန် တွေးနေတာကို မြင်လိုက်ရသလိုပဲ ယန်ကျင်းယို့က အသေခံ ပရိသတ်လို စုယန်ယန်၏ လက်ကို အတင်းဆွဲကိုင်ပြီး နှုတ်ဆက်ချင်ခဲ့သည်။
စုယန်ယန်သည် အထိတ်တလန့်ဖြင့် နောက်သို့ ခုန်ဆုတ်သွားကာ ဟောက်ချန်ဟွမ်းက သူမကို စက္ကန့်ပိုင်း အတွင်းမှာပင် သူ့နောက်ကျောသို့ ပို့ဆောင်လိုက်ပြီး သူ၏ ဓားတစ်လက်ကဲ့သို့ စူးရှနေသော အကြည့်တွေဖြင့် ယန်ကျင်းယို့ကို စိုက်ကြည့်လိုက်သည်။
“မင်း ဘာလုပ်လိုက်တာလဲ”
အာဏာရှိ ပုဂ္ဂိုလ်များစွာနှင့် တွေ့ဆုံရာတွင်ပင် မိမိကိုယ်ကို ယုံကြည်မှု ပြည့်ဝနေခဲ့သော ယန်ကျင်းယို့သည် ဟောက်ချန်ဟွမ်း၏ အကြည့်စူးစူးများနှင့် ရင်ဆိုင်တွေ့ကြုံ ရသောအခါဝယ် မတုန်လှုပ်ပဲ မနေနိုင်ခဲ့ပါ။
ယန်ကျင်းယို့သည် စုယန်ယန်၏ သတိထားသော အကြည့်တွေကို မြင်လိုက် ရသောအခါတွင် သူ အလျင်စလို ပြုမူမိတာကို သတိပြုမိခဲ့ပြီး ခြောက်ကပ်ကပ် ရယ်မော လိုက်မိသည်။
