အခန်း (၂၉၉)
– လည်ပင်းစောင်း(ဇက်ခိုင်)ခြင်း
စုယန်ယန်က အပ်စိုက်ကုထုံးအပ်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး သူမရဲ့ သွေးခုန်နှုန်းရဲ့ အလယ်မှာ ထိုးထည့်လိုက်ပါသည်။
ရှုယန်ကျွင်းသည် ပင်လယ်ဂဏန်းဖြစ်ရပ်ကြောင့် စိတ်ဓာတ်ကျနေဆဲ ဖြစ်သောကြောင့် သူမသည် အနည်းငယ် စိတ်ရှုပ်ထွေးနေဆဲ ဖြစ်သည်။
သူမ အသိပြန်ဝင်လာခဲ့ပြီးနောက် မျက်လုံးပြူးပြီး စုယန်ယန်ကို ထိတ်လန့်စွာ စိုက်ကြည့်လိုက်မိသည်။
စုယန်ယန်သည် သူမရဲ့ အမူအရာကြောင့် ထိတ်လန့်သွားခဲ့သည်။ စုယန်ယန်သည် မျက်တောင်ခတ်ပြီး သူမကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိသည်။
သူမတို့နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် အချိန်အကြာကြီး စိုက်ကြည့်နေခဲ့ကြပြီး နောက်ဆုံးမှာတော့ ဖမ်းကျားကျစ်က တိတ်ဆိတ်မှုကို စတင် ဖြိုခွဲခဲ့သည်။
"အဲ့တာက နာလား"
"နည်းနည်းပဲ နာတယ်။ ညီမထင်ထားသလောက်တော့ မနာဘူး"
"မင်းကို ကြည့်ရတာ... ကြို့မထိုးတော့သလိုပဲ"
ရှုယန်ကျွင်းသည် ယခုမှပင် အိမ်မက်မှ နိုးထလာပုံရသည်။ သူမသည် မသိစိတ်အရ သူမရဲ့ လည်ပင်းကို ထိကြည့်လိုက်မိသည်။ "တကယ် ကြို့ထိုးနေတာ ရပ်သွားပြီလား"
"ဒီနေရာကို နျဲ့ကွမ်းအပ်စိုက်မှတ်လို့ ခေါ်တယ်။ ဒီနေရာကို အပ်စိုက်ခြင်းဖြင့် စိတ်ကို ငြိမ်သက်စေတယ်၊ လေကို ငြိမ်သက်စေတယ်၊ နာကျင်မှုကို သက်သာစေတယ်။ အစာအိမ်နာခြင်း၊ အော့အန်ခြင်းနဲ့ ကြို့ထိုးခြင်းတို့အပေါ် အကျိုးသက်ရောက်မှု ရှိစေတယ်"
စုယန်ယန်က အပ်စိုက်ကုထုံး ကုသနေစဥ် ဤသို့ ရှင်းပြပေးခဲ့သည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမသည် အပ်ကို ဖယ်ရှားလိုက်ပြီး ရှုယန်ကျွင်း၏ လက်မဘေးရှိ ရှောင်ရှန်အပ်စိုက်မှတ်ကို နှိပ်ပေးလိုက်သည်။
"ဘယ်လို ခံစားရလဲ"
"နည်းနည်းကျဥ်ပြီး နာတယ်"