219 01
အခန်း(၂၁၉)
ဒါက အစပဲရှိသေးတယ်
ထို့အပြင် စစ်မုန့်ယွီတို့ကို ကူညီဖျန်ဖြေပေးရန် ပြေးလာသော ပြိုင်ပွဲဝင် အနည်းစုသည်လည်း ဒီအဖြစ်အပျက်ကို ဖော်ထုတ်ချိန် အစပိုင်းတွင် သူ့အလိုလို ပူးပေါင်း ပါဝင်လာခဲ့သည်။
ထိုအချိန်တွင် သူတို့အားလုံး စစ်မုန့်ယွီကို ဝိုင်းဆွဲနေခဲ့တာဖြစ်ပြီး လူတော်တော်များများက ဝိုင်းဝန်း ဆွဲနေကြတာ ဖြစ်လို့ သူမကို တစ်ယောက်ယောက်ကတော့ ဆွဲကိုင်မိသင့်သည်။
သို့သော် စစ်မုန့်ယွီသည် နောက်ဆုံး၌ လုံးဝ လွှတ်ထွက်သွားခဲ့ပြီး ထိုခွန်အားသည် သူမကိုယ်ပိုင် ခွန်အားနှင့် မတူပေ။
တစ်နည်းအားဖြင့် သူမကို နောက်ကနေ တစ်စုံတစ်ယောက်က တွန်းထုတ် လိုက်တာပင် ဖြစ်သည်။
ထိုလူက ဝမ်ကျင့်ဖျင် ဖြစ်သည်ဟူသော သက်သေ အထောက်အထား မရှိသော်လည်း စစ်မုန့်ယွီနှင့် အခြားသူများ၏ ဝေဖန်ပိုင်းခြားမှုအရ သူမကို ထောက်ပြနေခဲ့သည်။ သူတို့ မသိစိတ်ကနေ ဒီလို ကြောက်စရာကောင်းသည့် အမျိုးသမီးနှင့် ခပ်ဝေးဝေး နေချင်ခဲ့သည်။
မိမိကိုယ်ကျိုး စီးပွားအတွက် သူမအပေါ် စိတ်ရင်းမှန်စွာ ဆက်ဆံသော သူငယ်ချင်း၊ အမြဲတမ်း ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးသည့် သူငယ်ချင်း ဖြစ်သူကို အလွယ်တကူ ချနင်းနိုင်သည့် အမျိုးသမီးဟာ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်ပါသလဲ။
သူတို့ သူမနှင့် ဝေးဝေးနေတာက ပိုကောင်းတယ်၊ သူမနှင့် ရင်းနှီးလေလေ၊ သူမ၏ ခြေနင်းကျောက်အဖြစ် အသုံးတော်ခံရဖို့ အလားအလာ ပိုများလေလေပါပဲ။
ဒီအတွေးဖြင့် သူမကို အစက သတိမထားခဲ့ကြသည့် အခြားပြိုင်ပွဲဝင်တွေက သူမနှင့် ခပ်ဝေးဝေး နေလာကြသည်။
စစ်မုန့်ယွီကို လှည့်ဖြားရန် ဝမ်ကျင့်ဖျင် အသုံးပြုခဲ့သည့် အထီးကျန်နည်း ပရိယာယ်ဟာ နောက်ဆုံးတွင် သူမအတွက် လက်တွေ့ ဖြစ်လာခဲ့သည်။
ဒါ့အပြင် ယွင်လောင်ရှန်းသည်လည်း ပရိုဂရမ် အဖွဲ့ထံသို့ ပြန်ရောက် လာခဲ့သည်။