အခန်း (၂၇၃)
ရက်စက်လွန်းတယ်
သူတို့ထဲက အနည်းငယ်ဟာ အကြောင်းပြချက်မရှိပဲ ခွေးစာ အမြောက်အမြားကို စားသုံးလိုက်ရပြီး ဘာမှ မပြောနိုင်ခဲ့ကြဘူး။ သူတို့သည် သူတို့ရဲ့ ပူဆွေးသောကနှင့် ဒေါသစိတ်ကို အစာ စားချင်စိတ်အဖြစ် ပြောင်းလဲခဲ့ပြီး စုယန်ယန် သရုပ်ပြခဲ့သည့် အတိုင်း အတုယူကာ ကိုးရိုးကားရားဖြင့် ဟော့ပေါ့ဟင်းရည်ထဲ ပါဝင်ပစ္စည်းတွေကို ထည့်ခဲ့ကြသည်။
အစပိုင်းမှာတော့ သူတို့ဟာ နည်းနည်း အကျွမ်းမဝင်သလို ဖြစ်နေပေမယ့် နောက်ပိုင်းမှာတော့ သူတို့ဟာ ကိုယ်တိုင် လုပ်ကိုင်ရင်းဖြင့် ဖြည်းဖြည်းချင်း ကျွမ်းကျင်လာကြသည်။
စုယန်ယန်သည် ဟောက်ချန်ဟွမ်းအတွက် ပါဝင်ပစ္စည်း အနည်းငယ်ကို အပူပေးဖို့ ကူညီပေးပြီးနောက် သူမသည် ဘေးဖက်နားမှ ဦးလေးကျန်းကို တွေ့တော့ ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်ကာ "ဦးလေးကျန်း၊ ဒီမှာ ဝင်ထိုင်ပြီး ကျွန်မတို့နဲ့ အတူလာစားလေ။ ဒါတွေကို ကျွန်မတို့ လူအနည်းငယ်နဲ့ ကုန်အောင် မစားနိုင်ပါဘူး"
"ဒါက..." ဦးလေးကျန်းက တုံ့ဆိုင်းသော်လည်း ဟောက်ချန်ဟွမ်းက သူ ဘာမှ ပြန်မပြောခင် ဝင်ပြောလိုက်သည်။
"ထိုင်စားလိုက်လေ။ လူများတော့ ပိုအသက်ဝင်တာပေါ့"
ဦးလေးကျန်း အနည်းငယ် ကြက်သေ သေသွားသည်။ အရင် အရှင်သခင်ဟောင်းတို့ ဇနီးမောင်နှံ သေဆုံးသွားပြီး ဟောက်ချန်ဟွမ်း၏ ခြေထောက်များ ဒီလို စဖြစ်ကတည်းက သူတို့အိမ်ဟာ အေးစက်တဲ့ ရေခဲပြင်ကြီးလို ဖြစ်သွားခဲ့တာကို သူ အမှတ်ရမိသည်။
ဟောက်ချန်ဟွမ်းမှာ သူငယ်ချင်းတွေ ဒါမှမဟုတ် မိသားစုဝင်တွေ မရှိကြတော့ပဲ သခင်လေးဟာ စကားနည်းနည်းသာ ပြောတတ်သူ ဖြစ်လာခဲ့သည်။ သူက လူအများနှင့် မဆက်ဆံတော့ပဲ အပြင်သို့ပင် ထွက်လေ့ မရှိတော့ပေ။
အခုတော့ ဒီရေခဲသေတ္တာကြီးက နွေးထွေးပြီး တစ်ဖန် သက်ဝင်လှုပ်ရှား လာခဲ့ပြီ။
ဟော့ပေါ့မှ အပူငွေ့သည် အေးမြသော ဆောင်းလေကို လွင့်ပါးသွားစေပြီး အဘိုးအို၏ မျက်လုံးများကို ဝေဝါးသွားစေသည်။
