Part 249

1.1K 101 2
                                    

အခန်း (၂၄၉)

အရေးပေါ် အစည်းအဝေး

ဟောက်ချန်ဟွမ်းက သူမ ဆိုလိုချင်တာကို ချက်ချင်း နားလည် သဘောပေါက် သွားသည်။ သူက သူမလက်ကို နောက်တစ်ဖန် လှမ်း၍ ဆုပ်ကိုင်လိုက်ပြီး လေးနက်စွာ ပြောခဲ့သည်။

"ကိုယ့်အတွက် မင်း ဒီလို လုပ်ပေးတာကို ကိုယ် ဝမ်းသာ ကြည်နူးမိပေမယ့် နောက်တစ်ခါ မင်း ဒီလိုမျိုးတွေ မလုပ်ပါနဲ့။ ကိုယ် မင်း ဒဏ်ရာရမှာကို မမြင်ချင်ဘူး"

စုယန်ယန်သည် သူမကိုယ်သူမ တွင်းတူးပြီး မြှုပ်နှံထားချင်မိသည်။ သူမ၏ ဟင်းချက်လက်ရာက အရမ်း ကောင်းတာကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် သူမဟာ သူမ၏ ချည်ထိုးစွမ်းရည်ကို တကယ် အထင်ကြီးသွားမိတာ ဖြစ်သည်။

တခြားသူတွေက သိုးမွှေးချည်ကို ချည်ထိုးကြပေမယ့် သူမကတော့ သူမ၏လက်ကိုပါ ဆက်လက်၍ ချည်ထိုးမိလေသည်။ လည်စည်းပဝါ ချည်ထိုးသည့် အပ်တွေက ချွန်ထက်သည် မှန်သော်လည်း သူမလိုတော့ မည်သူမျှ မဖြစ်ကြပေ။

"ကျွန်မ နားလည်ပါပြီ။ ကျွန်မ နောက်တစ်ခါ ချည်ထိုးတဲ့ အခါကျရင် ပိုပြီး ဂရုစိုက်ပါ့မယ်"

"ကောင်းပြီ" ဟောက်ချန်ဟွမ်းသည် သူမ ထိုးပေးထားသည့် လည်စည်းပဝါလေး ပတ်ပြီး ကားထဲ ဝင်ထိုင်ရင်း တီးတိုးပြောသည်၊ "နောက်သုံးရက်ကြာရင် တွေ့ကြမယ်"

စုယန်ယန်ရဲ့ မျက်နှာပေါ်ရှိ အပြုံးဟာ ချက်ချင်း နက်ရှိုင်းလာသည်။ သုံးရက်အကြာတွင် သူမတို့၏ မင်္ဂလာပွဲကို တရားဝင် ကျင်းပရ‌တော့မည်။ လာမည့် သုံးရက်အတွင်း သူမတို့ နောက်ထပ် ထပ်မဆုံနိုင်တော့တာ သေချာသည်။

ဒါပေမယ့် ကိစ္စမရှိပါဘူး။ အခု ခဏတာ ခွဲခွာရခြင်းက နောင်အနာဂတ်မှာ အချိန်ကြာကြာ အတူရှိဖို့ပါပဲ။

အဆုံးမှာတော့ စုယန်ယန်သည် မနေနိုင်ပဲ ဟောက်ချန်ဟွမ်းကို ငုံ့နမ်းမိသည်။ သူမက အပြုံးလေးဖြင့် ပြောသည်၊ "ချစ်လှစွာသော စားသုံးသူ၊ စတိုးဆိုင်ပိုင်ရှင်က ရောင်းထွက်သွားပါပြီ၊ သူမကို ပြန်အမ်းလို့ မရတော့ပါဘူး။ နောက်သုံးရက် အကြာမှာ ကျွန်မကို စောစော လာကြိုပေးဖို့ မမေ့ပါနဲ့"

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Dove le storie prendono vita. Scoprilo ora