အခန်း (၂၇၉)
ငါ မင်းကို ဘာမှ မလုပ်နိုင်ဘူးလို့ ဘယ်သူ ပြောလဲ။
စုယန်ယန်နှင့် လင်းရှောင်ချီးတို့ နှစ်ယောက်သား ခြံနောက်ဖေးမှ ပြေးထွက် လာသောအခါ သူတို့သည် ဟွားဟွား၏ အမွေးလေးများ ထောင်ထနေသည်ကို တွေ့လိုက်ရသည်။ ဟွားဟွားသည် သူတို့ကို မာန်ဖီနေရင်း သူတို့ကို ကိုက်ခဲနေသည်။
ရယ်စရာ အကောင်းဆုံးကတော့ အပြင်မှာ အလွန် ဂုဏ်ယူဝံ့ကြွားပြီး မောက်မာသည့် မစ္စဟောက်တစ်ယောက် သူမခြေထောက်တွေ ခွေယိုင်ကျလုမတတ် ဖြစ်နေလို့ပါပဲ။ သူမသည် သူမခင်ပွန်းသည်၏ ဘောင်းဘီကို ဆွဲကိုင်ထားရင်း ကျယ်လောင်စွာ အော်ဟစ်နေခဲ့သည်။
မစ္စဟောက်တစ်ယောက် ဆွဲကိုင်ထားသည်မှာ ပြင်းထန်လွန်းသဖြင့် ဟောက်ချီဟန်၏ ဘောင်းဘီဟာ ကျွတ်ကျလုမတတ် ဖြစ်သွားသည်။
စုယန်ယန်သည် မျက်ခုံးပင့်လိုက်သည်။ ဒီလိုမြင်ကွင်းမျိုးက အလွန် ရင်းနှီးနေသလိုပင်။
ဟောက်ချီဟန်၏ မျက်နှာဟာ နီရဲနေခဲ့၏။ သူ ပထမဆုံး စရောက်ချိန်တုန်းကလို ရန်လိုနေမှုဟာ လုံးဝ ပျောက်ကွယ် သွားခဲ့သည်။ ဒေါသများသာ သူ့ဗိုက်ထဲမှာ ပြည့်နှက်နေရင်း ကျန်ရစ်ခဲ့သည်။
သူ့ဘောင်းဘီကို ဆွဲထုတ်ဖို့ ကြိုးစားနေရင်း အံကြိတ်ကာ ထိုခွေးနှစ်ကောင်ကို ကန်ဖို့ ကြိုးစားခဲ့သည်။
စုယန်ယန်၏ မျက်ဝန်းများက အေးစက်သွားပြီး သူမ၏ မျက်နှာအမူအရာဟာ မည်းမှောင်သွားသည်။
ကံကောင်း ထောက်မစွာဖြင့် မစ္စဟောက်က သူတို့ကို ထိန်းသိမ်း ထားနိုင်စွမ်း ရှိသည်။ ဟောက်ချီဟန်၏ ကန်ချက်သည် ခွေးနှစ်ကောင်ကို ထိခိုက်နာကျင်စေခြင်း လုံးဝ မရှိခဲ့ပေ။ အဲ့ဒီအစား၊ သူက တုန်တုန်ယင်ယင်ဖြင့် လဲကျလုမတတ် ဖြစ်သွားသည်။
ခွေးနှစ်ကောင်ကို လွှတ်ပေးဖို့ ချော့ဟန်ဆောင်ပြီး အနားမှာ ရပ်နေသော ဦးလေးကျန်းက ဒီမြင်ကွင်းကို မြင်တော့ သူ့မျက်နှာဟာ ပျက်ယွင်းသွားပြီး အေးစက်စွာ ပြောသည်။
"ဥက္ကဌဟောက်၊ ဒီခွေးက သခင်မလေးရဲ့ အချစ်ဆုံးခွေးလေးပါ။ တကယ်လို့ ဥက္ကဌဟောက်က ဒီခွေးလေးကို နာကျင်စေခဲ့ရင်၊ မင်း သခင်မလေးကို ရှင်းပြဖို့ မလွယ်ကူမှာကို ကျွန်တော်ကြောက်တယ်။"