Part 283

819 66 0
                                    

အခန်း (၂၈၃) – လူနားလည်မယ့်စကားတွေကိုပဲ ပြောပေးပါ။

"ဟုတ်လား။" စုယန်ယန်သည် သူမမျက်ဝန်းတွေကို မှေးကျဥ်းပြီး တခစ်ခစ် ရယ်မောလိုက်သည်၊ "အရင်က ကျွန်မ ဟောက်ရှောက်ဖုန်းနဲ့ စေ့စပ်ခဲ့တာ ဆိုပေမယ့် အခု ကျွန်မက သူ့ထက် ဝါကြီးသွားပြီ၊ သူ ကျွန်မကိုတွေ့တိုင်း ဒေါ်လေးလို့ ခေါ်ရမှာပေါ့။ ဒီမင်္ဂလာပွဲကို လာတဲ့သူတွေ အများကြီးရှိတယ်။ တစ်ယောက်ယောက်က ဒါကိုကြားရင် ရယ်စရာ ဖြစ်လာမှာ မဟုတ်ဘူးလား။"

"လူငယ်တွေက မာနကြီးတယ်။ သူ့ကို အရှက်ခွဲဖို့ ဖိတ်စာ မပို့လိုက်တာလို့ သူက ထင်ကောင်းထင်နိုင်ပေမယ့် သူ့မှာ ကျွန်မ ထင်ထားတာထက် ပိုထူတဲ့ အရေပြား ရှိနေတာပဲ။ ကျွန်မ သူ့ကို မဖိတ်ခဲ့ပေမယ့် သူကိုယ်တိုင် ဒီကို အပြေးလာခဲ့တယ်။"

စာကြောင်းအနည်းငယ်ဖြင့် စုယန်ယန်ဟာ မဒမ်ဟောက် သူမကို အပြစ်ပုံချချင်သော စကားလုံးများကို သူမထံ ပြန်ပစ်ပေးခဲ့ပြီး ဟောက်ရှောက်ဖုန်းရဲ့ အရှက်မဲ့မှုကိုပင် လှောင်ပြောင်ခဲ့လေသည်။

စုယန်ယန်တို့က သူတို့ကို ဖိတ်စာတောင် မပို့ခဲ့ဘူး။ မျက်စိမြင်သူတိုင်း သူတို့ကို မမြင်ချင်လို့ ဆိုတာကို ပြောနိုင်သည်။ ဒီလို ပျော်စရာကောင်းတဲ့ အချိန်အခါမျိုးမှာ သူတို့ကို မတွေ့ချင်ကြဘူး။

သူက အလျင်စလို အပြေးလာရုံသာမက သူ့အမြှောင်မကိုပါ ခေါ်လာသေးသည်။ သူက စုယန်ယန်ကို ရွံရှာစေဖို့ လုပ်ချင်နေတာလား။

ဒါကိုကြားတော့ မဒမ်ဟောက်ရဲ့ အမူအရာဟာ အေးခဲသွားပြန်သည်။ "နင်တို့အိမ်ထောင်ရေးက ဒီ‌လောက်ကြီးတဲ့ကိစ္စပဲ၊ ငါတို့တစ်ယောက်မှ မလာဖို့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ။ ချီဟန်နဲ့ ငါက ဒီရက်ပိုင်း အရမ်းအလုပ်များနေတော့ ငါတို့က ရှောက်ဖုန်းကို ဒီကို လွှတ်လိုက်တာပါ။"

စုယန်ယန်က သူမကို ဟိုလိုလိုသည်လိုလိုအပြုံးဖြင့် ကြည့်နေခဲ့သည်။

မဒမ်ဟောက်သည် သူမရဲ့ အကြည့်ကြောင့် ကြက်သေ သေလုနီးပါး ဖြစ်သွားခဲ့သည်။ သူမက စကားဆက်မပြောနိုင်ခင် စက္ကန့်အနည်းငယ်လောက် နှုတ်ဆိတ်နေခဲ့ပြီး "ဒါပေမယ့် မနေ့က ရှောက်ဖုန်း ဒီကျွန်းကို ရောက်ရောက်ချင်းမှာပဲ တစ်ခုခု ဖြစ်သွားခဲ့တယ်လို့ ငါကြားတယ်။ သူက သင်္ဘောပေါ်ကနေ ထွက်ကျခဲ့တယ်..."

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Where stories live. Discover now