အခန်း (၂၅၄)
ဆိုင်ပိုင်ရှင် လက်ထပ်ထိမ်းမြားနေသည်
လာရောက် စားသုံးသူများသည် ရှီဟွမ်စားသောက်ဆိုင်၏ နာမည် ဂုဏ်သတင်းကို လျင်မြန်စွာ မြှင့်တင် ပေးခဲ့သည်။ လူအချို့က ထိုသူတွေဟာ အခကြေးငွေယူပြီး ကြော်ငြာပေးသော ရေတပ်များဟု သံသယရှိနေလျှင်ပင်၊ ဒီလို ချီးကျူးပြောဆိုသည့် လှိုင်းလုံးများကြောင့် နာမကျန်း ဝေဒနာကို ခံစားနေရသော လူနာများကို မရပ်တန့်နိုင်ကြပေ။
စိတ်ပိုင်းဆိုင်ရာ ရုန်းကန် လှုပ်ရှားပြီးနောက် နောက်ဆုံး၌ နေရာပေါင်းစုံမှ လူများစွာသည် ရှီဟွမ်စားသောက်ဆိုင်သို့ သွားရောက်ရန် စိတ်ပိုင်းဖြတ်ခဲ့ကြသည်။ သို့သော် သူတို့သည် သတင်းဆိုး နှစ်ခုကြောင့် ထိတ်လန့်တုန်လှုပ် သွားကြသည်။
တစ်ခုက စားသောက်ဆိုင်တွင် နေ့စဉ် အမှာစာ ၃၀၀ သာ ကန့်သတ်ထားသည်။ ဒီစာရင်းကို နောက်အပတ်အတွက် စီစဉ်ထားတာ ဖြစ်ပြီး နောက်တစ်ခုကတော့...
"စားသောက်ဆိုင်ပိုင်ရှင်ရဲ့ မင်္ဂလာပွဲကြောင့် စားသောက်ဆိုင်ကို သုံးရက် ပိတ်ထားပါမယ်။ **နေ့ရက်တွင် စားသောက်ဆိုင်ကို ပြန်လည် ဖွင့်လှစ်ပါမည်။ စားသုံးသူတွေက ကျွန်တော်တို့ကို နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်"
နာမည် ဂုဏ်သတင်းကြောင့် လာရောက်ကြသော စားသုံးသူ တစ်စုဟာ စားသောက်ဆိုင် အဝင်ဝတွင် ထုတ်ပြန်ထားသော ကြော်ငြာချက်ကို မြင်တွေ့ရပြီးနောက် သစ်ရွက်ကြွေများကို သယ်ဆောင်လာသည့် လေအေးတွေက သူတို့၏ မျက်နှာပေါ်သို့ တိုက်ခတ်သွားသလို ခံစားလိုက်ရသည်။ ဒါက အလွန်အမင်း စိတ်ဓာတ် ကျဖွယ်ပါပဲ။
မဟုတ်သေးပါဘူး၊ ဒီစားသောက်ဆိုင်ကို ဖွင့်တာ သုံးရက်ပဲ ရှိကာ နှစ်ရက် ပိတ်သည်။ သူတို့ နည်းနည်းလောက် ပိုပြီး မချဲ့ကားပဲ နေလို့ရနိုင်မလား။
ဒီကို လာရောက် စားသုံးကြသည့် စားသုံးသူတွေက ဟင်းလျာကို မစားရသည့်အပြင် ခွေးစာတွေကိုသာ အပြည့်အဝ စားလိုက်ရသဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချကြသည်။