အခန်း (၂၂၂)
တင်ဆက်သူကို သွားကြည့်ဖို့ အဖွဲ့တစ်ခု ဖွဲ့မယ်
စုယန်ယန် တစ်ယောက်တည်း ဆွံ့အသွားတာ မဟုတ်ပေ။ သူမနောက်မှ ဝန်ထမ်း အသစ်များလည်း ဤမြင်ကွင်းကို တွေ့ပြီး ထပ်တူထပ်မျှ ဆွံ့အ သွားခဲ့ကြသည်။
ဒါက ဘယ်လို တိုက်ရိုက် ထုတ်လွှင့်မှုမျိုးလဲ။ ဘာ့ကြောင့် သူမကို အကူအညီ တောင်းနေသူတွေ အများကြီး ရှိနေတာလဲ။
"ကူညီပါ ဟုတ်လား။ အသက်ကို ကယ်တင် ပေးရမှာလား။ ဘယ်သူ့ အသက်ကို ကယ်တင်ပေးရမှာလဲ"
[ဆံပင်ကျွတ်ဂိုဏ်းဝင် ကျွန်တော်တို့ကို ကယ်တင်ပေးဖို့ တင်ဆက်သူကို တောင်းပန်ပါတယ်။]
[ဝေဒနာ ခံစားနေရတဲ့ ဆံပင်ကျွတ် ဂိုဏ်းဝင်တွေက တင်ဆက်သူ ကျွန်တော်တို့ကို မျက်နှာသာ ထပ်ပေးဖို့ တောင်းပန်ပါတယ်။]
[အိပ်မပျော်သည့်ပါတီက ဒုတိယမှာ လိုက်နေပါတယ်။]
[တင်ဆက်သူရေ၊ ဒီကို ကြည့်ပေးပါဦး။ ကျွန်မလည်း ကလေးယူဖို့ ကြိုးစားနေပါတယ်။ ကျွန်မခင်ပွန်းနဲ့ ကျွန်မတို့ရဲ့ ရင်သွေးလေး တစ်ယောက်လောက် ကျွန်မ တကယ်ပဲ လိုချင်နေလို့ပါ။ ကျေးဇူးပြုပြီး ကျွန်မတို့ကို ကူညီပေးပါဦး...]
[...]
စုယန်ယန်သည် ဖန်သားပြင်ကို ကြည့်ရှုရင်း တုန်လှုပ်သွားခဲ့သည်။ သူမ မျက်တောင်ခတ်ပြီး မေးလိုက်မိသည်၊
"ဘာဖြစ်နေကြတာလဲ။ ကျွန်မ ရှင်တို့ ဒီလောက် စိုးရိမ်ကြောင့်ကြ ဖြစ်နေတာမျိုး တစ်ခါမှ မကြုံဖူးဘူး"
[အရင်က၊ မင်း ပျောက်သွားတာ အချိန်အကြာကြီးပဲ မဟုတ်ဘူးလား။ တင်ဆက်သူ၊ နင်က ဘယ်လောက်ပဲ အလုပ်များနေပါစေ၊ ငါတို့အတွက် တိုက်ရိုက် ထုတ်လွှင့်ဖို့ အချိန်ပေးခဲ့တဲ့ လုံ့လဝီရိယ ကောင်းတဲ့ ချစ်စရာလေး မဟုတ်တော့ဘူး။ ရိုးရိုးသားသားပြောရရင်၊ နင် ဒီအတောအတွင်း ဘယ်ပျောက် သွားတာလဲ။ နင့်ကို တစ်ယောက်ယောက်ကများ ပြန်ပေးဆွဲ သွားတာလား။]
[ဒါကို မေးစရာ လိုသေးလို့လား။ တင်ဆက်သူရဲ့ ခင်ပွန်းက သူမကို ပြန်ပေးဆွဲတာ ဖြစ်လိမ့်မယ်၊ ဟီးဟီးဟီး...]
