Unicode
အခန်း (၁၇၃)
ငါ အခုမှ ဆေးကုသမှု ခံယူပြီးတုန်းပဲ ရှိသေးတယ်လေဘဝရဲ့ အဓိပ္ပါယ်ကို တွေးတောနေတဲ့ ယန်ကျင်းယို့နဲ့ နှိုင်းစာရင် နျဉ်ချီလွေ့ဟာ နေမထိ ထိုင်မသာ ဖြစ်နေခဲ့သည်။
စုယန်ယန်သည် သူ့အား ရင်းနှီး ကျွမ်းဝင်နေသော အမွှေးနံ့ရှိသည့် “အမွှေးတိုင်”များကို အသုံးပြုပြီး သူ့ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကို ကုသပေး နေပေမယ့် ဒါတွေက သူ့ကို တကယ့်ကို မနာကျင်စေခဲ့ပေ။
ယန်ကျင်းယို့၏ အတွေးထဲတွင် ထိုအဖြစ်အပျက်က ဆေးလိပ်သောက်သည့် ဖြစ်စဉ်တစ်ခုလို ခံစားခဲ့လိုက်မိသလို နျဉ်ချီလွေ့သည်လည်း သူ့တစ်ကိုယ်လုံးတွင် အမွှေးရနံ့များ ထုံသင်းကြိုင်နေပြီး ဆားအနည်းငယ်နှင့် အခြားဟင်းခတ် အမွှေးအကြိုင်အချို့ကို ထည့်သွင်း လိုက်သည်နှင့် သူ့ကို အဆင်သင့် တည်ခင်း စားသောက်လို့ ရပြီလို့ တွေးလိုက်မိသည်။
မကြာသေးမီက စုယန်ယန် ပေးပို့ခဲ့သည့် အရသာရှိသော ဟင်းလျာများကို နျဉ်ချီလွေ့ ပြန်အမှတ်ရရင်း စုယန်ယန်၏ မျက်လုံးထဲတွင် သူက လှီးဖြတ်ထားသည့် အသားများလားလို့ သံသယဖြစ်မိသည်။
သို့ရာတွင် ဒါတွေက အရေး အကြီးဆုံးတော့ မဟုတ်ပါဘူး။ အရေး အကြီးဆုံးကတော့ သူ့ခန္ဓာကိုယ်ပေါ်တွင် လောင်ကျွမ်းနေသည့် အရာများမှာ တကယ့်ကို အရမ်းပူနေတာပါပဲ။စုယန်ယန်၏ လက်များက သူ့နောက်ကျောကို ထိတွေ့ လိုက်ချိန်တိုင်း မသိစိတ်၏ စေ့ဆော်မှုအရ တုန်ယင် သွားမိသည်။ ဒါက ကုသမှုကို ပိုမို တိုးတက် လာစေမှာရော ဟုတ်ပါရဲ့လား။
“စစ်ယွမ်၊ ဒီလိုကုသမှုမျိုးက နာမကျန်းမှု အတွက် တကယ်ပဲ ထိရောက်မှု ရှိရဲ့လား။ ချီလွေ့က ဖြူကောင် တစ်ကောင်လို ဖြစ်တော့မယ်လို့ ငါ ဘာဖြစ်လို့ ခံစားမိရတာလဲ”
နျဉ်စစ်ယွမ်သည် သူ့ညီ၏ နောက်ကျောရှိ ကြောက်မက်ဖွယ် ကောင်းသော အပ်ချောင်း ရှည်များကို ကြည့်ပြီး မျက်ခုံးတွန့် သွားခဲ့သည်။ “ဒီနေ့ ကုသတာက မနေ့ကထက် ကြောက်စရာ ပိုကောင်းတယ်”
