Part 251

974 91 0
                                    

အခန်း (၂၅၁)

လည်စည်းပဝါလေးက အရမ်းကြည့်ကောင်းနေတာပဲ

အခန်းတွင်းရှိ အမှုဆောင်အရာရှိ အားလုံးသည် ဘစ်ဘော့စ်၏ညာဖက်ဘေးရှိ လူက သူ၏ တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းမှ အမျိုးသမီး တင်ဆက်သူ အသစ်အကြောင်းကို ကြွားလုံး ထုတ်နေသည်ကို ငေးကြည့်နေကြသည်။

သူတို့နှလုံးသားထဲမှာ သံသယရှိသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။ 'ဒီလူ... ဆေးမှားသောက်မိလို့လား။'

စိတ်ရှုပ်ထွေး နေကြပြီးနောက် လူများစွာက ကြောက်ရွံ့ ထိတ်လန့်မှုတွေ မဖြစ်ပဲ မနေနိုင်ကြပေ။ ထိပ်ဆုံးမှာ ရှိနေသည့် ဒါရိုက်တာယုက ရုတ်တရက်ကြီး ရူးသွပ်သွားခဲ့ရင်း ဘစ်ဘော့စ်က ကျိန်းသေပေါက် စိတ်မချမ်းမသာ ဖြစ်သွားလိမ့်မည်။

မြို့တံခါး မီးလောင်သွားရင် သူတို့ရော ရှင်သန်နိုင်ပါဦးမလား။

ခဏအကြာမှာတော့ အခန်းတွင်းရှိ လူတိုင်း ထိတ်လန့် သွားကြရသည်။

မထင်မှတ်ပဲ ကျိုးကျစ်ယန်၏ ကြွားလုံးထုတ်ခြင်း ပြီးဆုံးသွားပြီးနောက် ဘစ်ဘော့စ်သည် သူတို့ မျှော်လင့်ထားသလို ဒေါသထွက်နေပုံ မရပေ။ အဲ့ဒီအစား၊ သူက သဘောတူပြီး "အင်း၊ ကြားရတာ အတော်လေး ကောင်းတယ်။ အလုပ် ဆက်ကြိုးစားချေ"

လူတိုင်း၊"???"

ယုကျစ်ယန်က ချက်ချင်း ခေါင်းညိတ်ပြပြီး "ဒါတွေက မိန်းကလေးက သဘောထား ကောင်းလို့ပါပဲ။ သူမနဲ့ စာချုပ် ချုပ်ဆိုနိုင်ခဲ့တာက ကျွန်တော်တို့ ကုမ္ပဏီရဲ့ ကံကောင်းမှုပါပဲ" လို့ ပြုံးပြုံးလေး ပြောလိုက်သည်။

ဟောက်ချန်ဟွမ်းက သူ့ခေါင်းမော့ပြီး ယုကျစ်ယန်ကို ကြည့်လိုက်သည်။ သူ ပြောသည့်ပုံစံကို အနည်းငယ် မကျေမနပ် ဖြစ်နေပုံ ရသော်လည်း သူက ဘာမှ ပြန်မပြောပဲ "ဟုတ်တယ်"လို့ တိုးတိုးလေး ပြန်ဖြေသည်။

လူတိုင်း၊"..." ဒါက အလုပ်ဖြစ်သွားတယ်လား။

တခြားသူတွေထက် အမှန်တရားကို သိကြသည့် ကျိုးယန်ပိုင်နှင့် ကုရှောက်ယန်တို့ပင် ယုကျစ်ယန်ကို အထင်အမြင် သေးသလို မကြည့်ပဲ မနေနိုင်ကြတော့ပေ။

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Where stories live. Discover now