အခန်း (၂၈၁) – ခင်ဗျားကို ဘယ်လို ရှင်းပြချက်မျိုး ပေးစေချင်လဲ
ဟောက်ချီဟန်ရဲ့ မျက်နှာဟာ မည်းမှောင်သွားသည်။
"နင် လုပ်ရဲလား။"
စုယန်ယန်က ခပ်ဖွဖွ ရယ်မောလိုက်သည်။ "ကျွန်မ ဘာဖြစ်လို့ မလုပ်ဝံ့မှာလဲ။ ချန်ဟွမ်းက ရှင့်ကို အစ်ကိုကြီးအဖြစ် အသိအမှတ်ပြုတယ် ဆိုရင်တောင် ရှင်နဲ့ ကျွန်မက သွေးသား မတော်စပ်ဘူး။ ကျွန်မ ရှင့်ကို သနားညှာတာဖို့ မလိုအပ်ဘူး။ ရှင့်မိသားစုကို ဆင်ခြေအဖြစ် အသုံးပြုဖို့ စဥ်းတောင် မစဥ်းစားလိုက်ပါနဲ့။ ဒါကို ရှင် မသိလောက်သေးဘူး၊ မဟုတ်လား။ ချန်ဟွမ်းက ကျွန်မတို့ လက်မထပ်ခင် ဒီကျွန်းကို ကျွန်မအမည်ပေါက်ဖြင့် ကျွန်မဆီ လွှဲပေးပြီးသားလေ။ ဒီကျွန်းပဲဖြစ်ဖြစ်၊ ဒီအိမ်ကြီးပဲဖြစ်ဖြစ်၊ ဒါတွေအားလုံး ကျွန်မအပိုင်ပဲ။"
"ရှင်က ကျွန်မခွင့်ပြုချက်မရှိပဲ ဒီကျွန်းကိုလာတယ်၊ ကျွန်မအိမ်ကို ပိုင်နက်ကျူးလွန်တယ်၊ ကျွန်မခွေးကို ဒဏ်ရာရစေခဲ့တယ်။ အခု ရှင်တို့ကို ဖမ်းဖို့ ကျွန်မ ဖုန်းခေါ်လိုက်မယ်ဆိုရင် ရှင်တို့လင်မယား ဘယ်နှရက်လောက် အချုပ်ခံရမယ်လို့ ရှင်ထင်လဲ။"
ဟောက်ချီဟန်ရဲ့ မျက်နှာဟာ စိမ်းသွားသည်။ ဟောက်ချန်ဟွမ်းနဲ့ လက်ထပ်ပြီးတာနဲ့ စုယန်ယန်ဟာ ဒီလိုဖြစ်သွားလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး။
အရင်တုန်းက စုယန်ယန်သည် သူမထက် အသက်ရွယ်ကြီးရင့်သူတွေနဲ့ တွေ့တဲ့အခါ အလွန်လိမ္မာရေးခြားရှိသည်။
ဟောက်ရှောက်ဖုန်းနှင့် စေ့စပ်ကြောင်းလမ်းထားတာကို ဖျက်သိမ်းပြီး ဟောက်ချန်ဟွမ်းနဲ့ စေ့စပ်ကြောင်းလမ်းလိုက်သည့်တိုင် သူမသည် ယခုနှင့်မတူပဲ စကားအနည်းငယ်သာ ပြောခဲ့သည်...
မဒမ်ဟောက်သည် ချိန်ရှုချင်၏ သူငယ်ချင်းဟောင်း ဖြစ်သောကြောင့် ဟောက်ချီဟန်နှင့် တွေ့သောအခါတွင် စုယန်ယန်က လေးစာစွာ ဆက်ဆံခဲ့ကြောင်း သိသာထင်ရှားပါသည်။
စုယန်ယန် သူတို့ကို လေးစားစွာ ပြုမူဆက်ဆံခဲ့တာက ချိန်ရှုချင်ကြောင့်ပင် ဖြစ်သည်။ အခု မိသားစုနှစ်စုသည် အချင်းချင်း ဆန့်ကျင့်ဘက် ဖြစ်နေကြပြီ ဖြစ်လျှင်ပင် သူတို့သည် သူမအား ဖိနှိပ်ရန် လူကြီးတွေအဖြစ် သူတို့ရဲ့ အဆင့်အတန်းကို အသုံးချချင်နေကြဆဲ ဖြစ်သည်။ သူတို့နှင့် ထိုက်တန်ပါရဲ့လား။
